ကော့သောင်းတွင် အာဇာနည်ဗိမာန် တည်ဆောက်မည်

ကော့သောင်းမြို့နယ်တွင် အာဇာ နည်ဗိမာန်တည်ဆောက်ရန်အတွက် စီစဉ်လျက်ရှိကြောင်း အာဇာနည်ဗိမာန် ဖြစ်မြောက်ရေး ကော်မတီထံမှ သိရ သည်။ အာဇာနည်ဗိမာန်ကို ဘုရင့်နောင် ကုန်းအောက်ဘက် စည်ပင်ပိုင် မြေကွက် လပ်တွင် တည်ဆောက်ရန်မြေနေရာ သတ်မှတ်ထားပြီးဖြစ်သည်ဟု အထက် ပါ ကော်မတီထံမှ သိရသည်။ "တည်ဆောက်တာကတော့ ရန်ကုန်မြို့မှာရှိတဲ့ အာဇာနည် ဗိမာန် ပုံစံအတိုင်းပဲ...

စည်ပင်သို့ အခွန်ဆောင်နေရသော်လည်း ဘာမျှပြန်မရဟု ရွှေပြည်စိုး ရွာသားများဆို

ကော့သောင်းမြို့နယ် ၊ ရွှေပြည်စိုး ကျေးရွာတွင် စည်ပင်သာယာရေးအဖွဲ့က အမည်သည့်အရာမျှလုပ်ဆောင်မပေးဘဲ အခွန်ငွေ ပုံမှန်လာကောက်နေသည့် အပေါ် ဖြေရှင်းပေးရန် ဒေသလွှတ်တော်အမတ် များနှင့် ကျေးရွာလူထု မေလ ၁ရက်က တွေ့ဆုံစဉ် ကျေးရွာလူထုက တောင်း ဆိုခဲ့သည်။ အိမ်ခွန်၊ မြေခွန်၊ အမှိုက်နှင့် အညစ်အကြေးခွန်တို့ကို စည်ပင်သာယာ သို့...

စကားများရန်ဖြစ်ရာမှ လူသေမှုဖြစ်

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ် ကွက်တွင် ဧပြီ ၂၄ ရက်က စကားများ ရန်ဖြစ်ရာမှ ကျောက်တုံးဖြင့် အထုခံရ၍ အသက်ခြောက်ဆယ်အရွယ်အမျိုးသား တစ်ဦးသေဆုံးခဲ့ကြောင်း ကော့သောင်း မြို့မ ရဲစခန်းထံမှ သိရသည်။ အောင်တော်မူစေတီတော်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အရက်မူးအော်ဟစ် နေသည့် ဘုတ်ပြင်းမြို့နယ်နေ အသက် ၂၄ နှစ်အရွယ် အမျိုးသားကို...

ကော့သောင်းတွင် ဆိုင်ကယ် ကယ်ရီနှုန်းထားများ သတ်မှတ်

ကော့သောင်းမြို့နယ်တွင် ဆိုင်ကယ် ကယ်ရီစီးခ နှုန်းထားများ သတ်မှတ် လိုက်ကြောင်း ကော့သောင်းမြို့နယ် အတွင်းရှိ မော်တော်ဆိုင်ကယ်ကယ်ရီ အသင်း(ဂိတ်)များထံမှ သိရသည်။ မြို့တွင်း ယာဉ်စီးခနှုန်းနှင့် မြို့ပြင် ယာဉ်စီးခနှုန်းများကို ဆိုင်ကယ် ကယ်ရီ အသင်း အားလုံး၏သဘောတူညီမူဖြင့် ဧပြီ ၁ ရက်က တစ်ပြေးညီ သတ်မှတ် လိုက်ခြင်းဖြစ်သည်။ "ကိုယ့်မြို့...

အောင်ဘာတွင် ကိုယ်ထူကိုယ်ထ အမှိုက်သိမ်း

ကော့သောင်းမြို့နယ်၊ စူငယ်ပါ လိုင်းကျေးရွာအုပ်စု အောင်ဘာကျေးရွာ တွင် လူနေအိမ်များနှင့် ကမ်းခြေတစ် လျှောက် ကိုယ်ထူကိုယ်ထ အမှိုက်သိမ်း လုပ်ငန်းကို ဧပြီလ ပထမအပတ်တွင် စတင်လုပ်ဆောင်လျက်ရှိကြောင်း အောင်ဘာကျေးရွာ သန့်ရှင်းရေးအဖွဲ့ ထံမှ သိရသည်။ ပင်လယ်အတွင်း စွန့်ပစ်အမှိုက် များ မရှိစေရေးနှင့် ကျေးရွာကမ်းခြေ သန့်ရှင်းသာယာလှပစေရန် အောင်ဘာ...

ကော့သောင်း အစိုးရနည်းပညာ အထက်တန်းကျောင်း လာမည့်လ ကျောင်းအပ်လက်ခံမည်

ကော့သောင်းမြို့နယ်၊ ဆယ်မိုင် ကျေးရွာတွင် ဖွင့်လှစ်ထားသည့် အစိုးရ နည်းပညာ အထက်တန်းကျောင်းတွင် မေလ ပထမအပတ်မှစပြီး ကျောင်းအပ် လက်ခံသွားမည်ဖြစ်ကြောင်း ယင်း ကျောင်း ကျောင်းအုပ်ထံမှ သိရသည်။ အဆိုပါကျောင်းကို ဇွန်လအတွင်း ဖွင့်လှစ်မည်ဖြစ်ပြီး အဋ္ဌမတန်းအောင် လက်မှတ်ရှိသူ မည်သူမဆို အသက် အရွယ် အကန့်အသတ်မရှိ လာရောက်...

ကော့သောင်းဆလုံကျွန်း ဘုရားထီးတော်တင်ပွဲ ကျင်းပမည်

ကော့သောင်းမြို့နယ်၊ ဆလုံ ကျွန်းပေါ်တွင် တည်ထားကိုးကွယ်ထားသောဒီပါအောင်မြေစိန်ရောင်ခြည်မြစေတီတော်တင်ပွဲကိုဧပြီလ ၂၄ရက်နေ့တွင်ကျင်းပမည်ဖြစ်ကြောင်း ပြည်တော် အေးဂေါပကအဖွဲ့ထံမှသိရသည်။ စေတီတော်၏ စိန်ဖူးတော်မှာ မတ်လ၅ရက်တွင် သဘာဝဘေး အန္တရာယ်ကြောင့် မြေခခဲ့ရသည့်အတွက် ထီးတော်အသစ်ပြန်တင်ခြင်း ဖြစ်ကြောင်း ပြည်တော်အေးဂေါပက ဥက္ကဋ္ဌ ဦးကျော် ကျော်မိုးက ဆိုသည်။ ထီးတော်တင်ပွဲသွားရောက်မည့် ဒေသခံများအတွက် ပဲ့ချိတ်များကိုမနက် ၆နာရီမှစ၍ အကြိုအပို့ အခမဲ့...

မူးယစ်ဆေးသယ်ဆောင်လာသူ လူငယ်နှစ်ဦးအနက် တစ်ဦးထွက်ပြေး လွတ်မြောက်

ကော့သောင်းမြို့နယ်တွင် မူးယစ် ဆေးဝါး သယ်ဆောင်လာသည့် လူငယ် နှစ်ဦးအနက် တစ်ဦး ထွက်ပြေးလွတ် မြောက်ခဲ့ကြောင်း ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။ ဧပြီလ ၁၁ ရက်က ရွှေပြည်စိုး ကျေးရွာ လမ်းမပေါ်တွင် ယာဉ်များကို ပိတ်ဆို့တားဆီးကာ ရှာဖွေနေစဉ် မြို့ထဲ ဘက်မှ မြို့ပြင်သို့ မောင်းနှင်လာသည့်...

ဦးပိုင်က တင်ဒါအောင်ထားသည့် ငှက်သိုက်ကျွန်း ခရီးသည်ပို့က ခွင့်ပြုချက်ယူရမည်ဟုဆို

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် က တင်ဒါအောင်ထားသည့် ကော့သောင်း ခရိုင်အတွင်းရှိ ငှက်သိုက်ကျွန်းများသို့ ခရီးသွားကုမ္ပဏီများ သွားရောက်မည် ဆိုပါက ပတ္တမြားရောင်ခြည် ကုမ္ပဏီ၏ ခွင့်ပြုချက်ယူရမည်ဖြစ်ကြောင်း ယင်း ကုမ္ပဏီ၏ ဒါရိုက်တာဦးစန်းအောင်က ပြောသည်။ ကော့သောင်းခရိုင်အတွင်းရှိ အသည်း ပုံကျွန်း(ကြက်မောက်ကျွန်း)၊ မြင်းခွာ ကျွန်းစသည့် ကျွန်းများကို ကုမ္ပဏီ ဒါရိုက်တာ ဦးစန်းအောင်နှင့်...

ရေရှားချိန် ကော့သောင်းတစ်မြို့ လုံးသုံးအတွက် ယင်းဝါကန်တွင် ရက်နှစ်ဆယ်စာ ရေအသင့်ရှိ

နွေရာသီ ရေပြတ်လပ်မှုကြုံပါက ကော့သောင်းတစ်မြို့လုံး ရက်ပေါင်း နှစ် ဆယ်စာ အသုံးပြုနိုင်သည့် ရေပမာဏ ယင်းဝါ ရေလှောင်ကန်အတွင်း အဆင် သင့်ရှိကြောင်း ကော့သောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာ မှူး ဦးနေမျိုးက ပြောသည်။ အဓိက ရေရှားပါးနိုင်သည့် မြို့ပေါ် ရပ်ကွက် ၁၀ ရပ်ကွက်၏ ရေသုံးစွဲနှုန်းမှာ...