အောင်ဘာတွင် ကိုယ်ထူကိုယ်ထ အမှိုက်သိမ်း

0
797

ကော့သောင်းမြို့နယ်၊ စူငယ်ပါ လိုင်းကျေးရွာအုပ်စု အောင်ဘာကျေးရွာ တွင် လူနေအိမ်များနှင့် ကမ်းခြေတစ် လျှောက် ကိုယ်ထူကိုယ်ထ အမှိုက်သိမ်း လုပ်ငန်းကို ဧပြီလ ပထမအပတ်တွင် စတင်လုပ်ဆောင်လျက်ရှိကြောင်း အောင်ဘာကျေးရွာ သန့်ရှင်းရေးအဖွဲ့ ထံမှ သိရသည်။
ပင်လယ်အတွင်း စွန့်ပစ်အမှိုက် များ မရှိစေရေးနှင့် ကျေးရွာကမ်းခြေ သန့်ရှင်းသာယာလှပစေရန် အောင်ဘာ တိုက်နယ်ဆေးရုံ ဆရာဝန် ဦးဆောင်၍ ကျေးရွာသားများ စုပေါင်းကာ ကမ်းခြေ အမှိုက်ကောက်ခြင်း၊ လူနေအိမ်များတွင် လှည့်လည်အမှိုက်သိမ်းခြင်းကို ဧပြီလ တွင် စတင်ဆောင်ရွက်လျက် ရှိကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။

“ကမ်းခြေမှာ အမှိုက်မရှိဖို့ ပင် လယ်ထဲ စွန့်ပစ်အမှိုက်တွေ အလွယ်တ ကူ မပစ်ချဖို့ ကျေးရွာနေအိမ်တွေကို အရင်စည်းရုံးပြီး နေအိမ်တွေမှာလည်း အမှိုက်သိမ်းပေးသလို ကမ်းခြေလာတင် တဲ့ အမှိုက်တွေကိုလည်း စုသိမ်းပေး တယ်”ဟု အောင်ဘာ သန့်ရှင်းရေးအဖွဲ့ ဦးဆောင်သူ ဒေါက်တာ ဦးမျိုးအာကာ ထွန်းက ဆိုသည်။
အမှိုက်သိမ်းလုပ်ငန်းအတွက် ငွေ ကြေး သီးသန့်ကောက်ခံခြင်း မရှိဘဲ ရွာခံများ၏ သဒ္ဓါအလျောက် ထည့်ဝင် ငွေဖြင့် အလုပ်သမား ၄ ဦး ခန့်ထား ကြောင်း ၎င်းက ဆိုသည်။

စွန့်ပစ်အမှိုက်ထည့်ရန် အမှိုက်ပုံး ချထားပေးခြင်း၊ မနက်တစ်ကြိမ်၊ ညနေ တစ်ကြိမ် ကမ်းခြေအမှိုက်ကောက် ခြင်းနှင့် လူနေအိမ်အမှိုက်သိမ်းတာတွေ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ရွာဆိုတော့လည်း အစက အမှိုက် ကို ကမ်းနားဘက် သွားပစ်လိုက်တာပဲ။ မဟုတ်ရင် မီးပုံရှို့တာပေါ့၊ အခုက ဒေါက်တာရဲ့ လမ်းညွှန်မူနဲ့ အမှိုက်တွေ တောင် အမျိုးအစား ခွဲပစ်တယ်” ဟု အောင်ဘာကျေးရွာမှ ကုန်စုံဆိုင်ရှင် အမျိုးသမီးတစ်ဦးက ဆိုသည်။

အောင်ဘာကမ်းခြေသည် လန်ပိ အဏ္ဏဝါ အမျိုးသားဥယျာဉ် တည်ရှိ သည့် ဘိုချိုကျွန်းအပါအဝင် အခြားကျွန်း များသို့ သွားရန်အတွက် အဓိက ကျသည့် နေရာတစ်ခုလည်း ဖြစ်သည်။
အောင်ဘာကျေးရွာသည် လူနေ အိမ်ခြေ ၃၀၀ကျော် ရှိသည်။