ထားဝယ်လေဆိပ်တွင် ဖောက်ခွဲရေးသုံး စနက်တံများတွေ့

ထားဝယ်လေဆိပ်တွင် မိုင်းဖောက်ခွဲရာတွင် အသုံးပြုသည့် စနက်တံများကို မတ်လ ၁၇ ရက်နေ့က တွေ့ရှိခဲ့ကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။ ထားဝယ်မြို့မှ မြိတ်မြို့သို့ ထွက်ခွာမည့် UV Special လေကြောင်းလိုင်းကောင်တာသို့ လာရောက်အပ်နှံသည့် ပစ္စည်းထုပ်အား လေယာဉ်ပေါ်သို့တင်ရန် X-Ray စက်ဖြင့် စစ်ဆေးရာ ၀ါယာကြိုးများနှင့် ချိတ်ဆက်ထားသည့်...

မြစ်ချောင်းများ ညစ်ညမ်းပျက်စီးရမှု တာဝန်ယူရေးတရားရေးနည်း သုံးမည်ဟုဆို

ထားဝယ်ဒေသတွင်း မြစ်ချောင်းများ ညစ်ညမ်းပျက်စီးရမှုနှင့် ပတ်သက်ပြီး တာဝန် ယူရေးကို လာမည့်နှစ်တွင် တရားရေးနည်းကို သုံးမည်ဟု ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ ထားဝယ်ဒေသ ညှိနှိုင်းရေးမှူး ဦးသန့်ဇင်ကပြောသည်။ မြစ်ချောင်းများ ညစ်ညမ်းရသည့်ကိစ္စ အတွက် ယခုနှစ်အတွင်း တရားစွဲနိုင်သည် များကို တရားစွဲဆိုသွားမည်ဖြစ်ပြီး လူထု အားဖြင့် လုပ်နိုင်သည့် လှုပ်ရှားမှုများကို လည်း...

တနင်္သာရီတိုင်းအတွင်း ငါးဖမ်းလှေ ၄၀ကျော် ဖမ်းဆီးအရေးယူ

တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်း ရေပြင်အတွင်း ၂၀၁၄ - ၁၅ ဘဏ္ဍာရေးနှစ်မှ ယခုလအထိ တရားမ၀င် ငါးဖမ်းလှေများ အပါအ၀င် ငါးဖမ်းလှေ ၄၀ ကျော် ဖမ်းဆီးအရေးယူခဲ့ကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။ တရားမ၀င် လိုင်စင်မဲ့ ငါးဖမ်းလှေ ၅စီး၊ နှစ်ကြိမ်ဆက် ပြစ်မှုကျူးလွန်သော...

ကျောင်းသားများထုကို ၀ိုင်းရံရေး ထားဝယ်တွင် စတစ်ကာ လှုပ်ရှားမှုပြုလုပ်

သပိတ်မှောက် ကျောင်းသားများ အကြမ်းဖက်ခံနေရသည့် အကြောင်းကို ပြည်သူလူထုသိရှိစေရန် အတွက် မတ်လ ၁၀ ရက်နေ့ ညနေပိုင်းတွင် ထားဝယ်တွင် စတစ်ကာလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ကျောင်းသားများထံမှ သိရသည်။ ထားဝယ်ခရိုင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဦးဆောင်ပြုလုပ်ခဲ့ပြီး “ကျောင်းသားထုကို ၀န်းရံကြ” ၊ “ကျောင်းသားထုကို လုံးဝ အကြမ်းမဖက်ရ” စာသားများပါ စတစ်ကာများကို...

ခဲခိုးသည်ဟု စွပ်စွဲခံရသူက ထိုင်းမန်နေဂျာကို တရားပြန်စွဲ

ထားဝယ်မြို့ အရှေ့ဖက် ဟိန္ဒားသတ္တုမိုင်းလုပ်ကွက်တွင် ခဲခိုးသည်ဟုဆိုကာ တရားစွဲခံထားရသူက ယင်းကုမ္ပဏီ၏ ထိုင်း မန်နေဂျာကို တရားပြန်စွဲသည်ဟု အကျိုးဆောင်ရှေ့နေထံမှ သိရသည်။ ခဲခိုးသည်ဟု စွပ်စွဲကာ ဖမ်းဆီးရိုက်နက်ခဲ့သည့် ထိုင်းနိုင်ငံသား မန်နေဂျာကို ယင်းသို့ တရားစွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။ “အစကတော့ တရားစွဲဖို့အထိ မစဉ်းစားဖြစ်ဘူး၊ ထိုင်းနိုင်ငံသားက မြန်မာပြည်သားကို ထိုးတာ မခံနိုင်လို့...

ထားဝယ် လယ်သမား ၁၄ ဦး တရားစွဲခံရပြန်

ထားဝယ်မြို့ ဆန်းချီရပ်ကွက်ရှိ သိမ်းဆည်းလယ်မြေများပေါ်တွင် မြိ့နယ်အဆင့်ဌာနဆိုင်ရာ စုပေါင်းရုံးဆောက်လုပ်မည့် မြေနေရာ၌ စိုက်ထူသော ခြံစည်းရိုးတိုင်များကို တွန်းလဲခဲ့သည်ဟုဆိုသော ထားဝယ်တောင်သူလယ်သမားများသမဂ္ဂမှ ဒေါ်ရီရီထွေး အပါအ၀င် ၁၄ ဦးကို အမှုဖွင့်တိုင်ကြားလိုက်သည်။ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်က တရားလိုပြုလုပ်ပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့သည်ဟု...

ထားဝယ်တွင် အမှိုက်သိမ်း လုပ်ငန်း လုပ်လိုသူ ရှားပါး

အမှိုက်သိမ်း လုပ်ငန်း လုပ်ကိုင်လိုသူ အလုပ်သမား ရှားပါးမှုကြာင့် ထားဝယ်မြို့ပေါ်တွင် လုပ်ကိုင်နေသည့် အမှိုက်သိမ်းလုပ်ငန်းကို မတိုးချဲ့နိုင် သေးဟု ရွှေလင်းယုန်ပုဂ္ဂလိက အမှိုက်သိမ်းဆည်းရေး လုပ်ငန်းထံမှ သိရသည်။ လက်ရှိတွင် အမှိုက်သိမ်း ကားတစ်စီး၊ အလုပ်သမား ၅ ဦးတို့ဖြင့် မြို့တွင်းလမ်း ၆ လမ်းနှင့် ရပ်ကွက် နှစ်ခုတို့တွင်...

သတ္တုတွင်းကို ချစ်သည် ……. သို့သော် “မုန်းသည်”

ည ၁၁ နာရီကျော်ပြီ။ ကျုပ်နားစည်ကို ဘူဒိုဇာတွေ ထပ်ကာထပ်ကာတက်နင်းတာ ခံနေရတယ်။ ဘူဒိုဇာတင်မဟုတ် မြေကြီးသယ်တဲ့ကားကြီးမောင်းသံတွေ၊ တတီတီမြည်နေတဲ့ ကားနောက်ဆုတ်သံတွေ၊ အဆိုးဆုံးကတော့ သံစည်ပိုင်း အကြီးကြီးကို နားအနားကပ်ပြီး သံချောင်းနဲ့ခေါက်နေသလား အောက်မေ့ရအောင် ကျယ်လောက်စူးရှတဲ့ အသံဆိုးကြီးတစ်ခု။ နာနာဘာဝအကြီးကြီးတစ်ကောင် နာကျင်စွာအော်ဟစ်နေလေရော့သလား။ ပထမတော့ ကျုပ်အိမ်မက်မက် နေတယ်ထင်တာ။ သေချာအောင်...

ရှင်မော်သွားတောလား

နှစ်သစ်မကူးခင် ရုတ်တရက် အကြောင်းဖန်လာလို့ ရှင်မော်ကို ကျွန်မ ရောက်ဖြစ်ခဲ့တယ်။ ရှင်မော်ဆိုတာ ဘယ်လိုဘယ်ပုံလို့ တခါမှမကြားဖူးတာမို့ များများစားစားတော့လည်း မမျှော်လင့်ထားပါဘူး။ အတူသွားမယ့် သူငယ်ချင်းက ခရီးလမ်းဝေးတာမို့ ညအိပ်ရမယ်ဆိုတာရယ်၊ ညအိပ်ဖို့တဲလေးတွေရှိတယ် ပြောတာကြောင့် အဝတ်ပိုတစ်စုံ ထည့်ခဲ့ပါတယ်။ ဒါနဲ့ပဲ မနက် ၈ နာရီလောက် ဆိုင်ကယ်နှစ်စီးနဲ့...

ထားဝယ် အဝေးပြေး ကားကွင်း ပြန်ဆောက်မည်

လမ်းပန်းဆက်သွယ်ရေး အထိုက်အလျှောက် ကောင်းမွန်လာပြီးနောက် လေအိတ်ကားများ ပြေးဆွဲလာသော်လည်း ပြောင်းလဲမှု မလုပ်ဘဲ ယခင်အတိုင်း ပစ်ထားသည်ဟု ဝေဖန်ခံနေရသည့် ထားဝယ်အဝေးပြေးကားကွင်းကို ယခုနှစ်အတွင်း အသစ်ပြန်လည်တည်ဆောက်မည်ဟု တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာ ကျော်ဆန်းက ပြောသည်။ လက်ရှိတွင် ကားဝင်းအတွင်း ဆောက်လုပ်ထားသည့် တည်းခိုခန်း၊ စားသောက်ဆိုင်၊ ရေဆေးခုံ...