ဥပဒေနှင့်မညီသည့် လုပ်ရပ် ထိမ်ချန်ပါက ရပ်ကျေးအုပ်ချုပ်ရေးမှူး အရေးယူခံရမည်

ရပ်ကွက်/ကျေးရွာအတွင်း မြေအကွက်ရိုက် ရောင်းချခြင်းကဲ့သို့သော ဥပဒေမဲ့ လုပ်ရပ်များကို တားမြစ်ရန်၊ သတင်းပေးရန် ရပ်ကျေးအုပ်ချုပ်ရေးမှူးများတွင် တာဝန်ရှိသော်လည်း ထိမ်ချန်ပါက အရေးယူခံရမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးက သတိပေး ပြောကြားလိုက်သည်။ ထင်ရှားသော ဥပဒေမဲ့ လုပ်ရပ်များတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခြင်း၊ လောင်းကစားဝိုင်းများပြုလုပ်နေခြင်း စသည်တို့လည်း ပါဝင်သည်။ လက်ရှိတွင် ရော်ဘာခြံ၊ လယ်မြေများကို...

သဘာဝဘေးကြောင့် လူသုံးဦး သေဆုံး၊ နေအိမ် ၁၆ အိမ်ပျက်စီး

တနင်္သာရီတိုင်းအတွင်း ဇူလိုင်လ အတွင်း သဘာဝဘေးကြောင့် လူ ၃ ဦး သေဆုံးခဲ့ပြီး လူနေအိမ် ၁၆ ဆောင် ပျက်စီးခဲ့ကြောင်း တိုင်းဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနထံမှ သိရသည်။ လှိုင်းကြီးကာ လှေနစ်မြုပ်မှုကြောင့် လူနှစ်ဦး၊ မြေပြိုကျခြင်းကြောင့် လူတစ် ဦး စုစုပေါင်း လူသုံးဦးသေဆုံးခဲ့ခြင်း ဖြစ်သည်။ ၎င်းအပြင်...

ဇင်းဘာချောင်းတွင် တရားမဝင် ရွှေတူးဖော်မှုကြောင့် ချောင်းရေ ညစ်ညမ်းမည်ကို ဒေသခံအချို့ စိုးရိမ်

ရေဖြူမြို့နယ်ရှိ ဇင်းဘာချောင်းရိုးတစ်လျှောက်တွင် တရားမဝင် ရွှေတူး ဖော်နေမှုကြောင့် ချောင်းရေညစ်ညမ်းပြီးအသုံးပြု၍ မရတော့မည်ကို ဒေသခံ အချို့က စိုးရိမ်နေကြသည်။ဇင်းဘာချောင်းမှာ ကလိန်အောင် မြို့ အရှေ့ဘက် ထိုင်း- မြန်မာနယ်စပ်တနင်္သာရီရိုးမတောင်တန်းများတွင် မြစ် ဖျားခံကာ ကလိန်အောင်မြို့အနီးမှထားဝယ်မြစ်အတွင်းသို့ စီးဝင်သည်။ ချောင်းရေကို ဒေသခံများကအဓိက အသုံးပြုနေရပြီး ချောင်းရိုးတစ် လျှောက်တွင် တရားမဝင်ရွှေတူးဖော်သည့် ရေဆိုင်း၊ ကုန်းဆိုင်း ၆၀ ကျော် ရှိကြောင်း ကလိန်အောင်ဒေသခံအချို့ကပြောသည်။ ချောင်းရေမှာ...

ထားဝယ်မြို့တွင် မီးပွိုင့်လေးခု ထပ်တပ်ရန် ရဲတပ်ဖွဲ့ အဆိုပြု

ထားဝယ်မြို့တွင် ယာဉ်တိုက်မှု အဖြစ်များနိုင်သည့် နေရာ လေးခုတွင် မီးပွိုင့်များ ထပ်မံတပ်ဆင်နိုင်ရန် စက် တင်ဘာလ ၁ ရက်က တိုင်း ဒေသကြီး အစိုးရထံ အဆိုပြု တင်ပြ ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။ မြို့အတွင်း ယာဉ်တိုက်မှု အန္တရာယ် ကင်းဝေးစေရန်အတွက်...

ထားဝယ် နည်းပညာတက္ကသိုလ်တွင် လူတစ်ရာဆန့် အဆောင်ဆောက်လုပ်

နည်းပညာတက္ကသိုလ်(ထားဝယ်) ကျောင်းဝင်းအတွင်းတွင် ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦးခန့် နေထိုင်နိုင်မည့် နှစ်ထပ်ဆောင်ကို ယခုဘဏ္ဍာရေးနှစ် အတွင်း အပြီးတည်ဆောက်မည် ဖြစ် ကြောင်း အဆိုပါတက္ကသိုလ်မှ သိရသည်။ လက်ရှိတွင် ယင်းအဆောင် ဆောက်လုပ်ရန် မြေနေရာရှင်းလင်းခြင်း၊ လမ်းဖောက်လုပ်ခြင်းများကို စတင် လုပ်ဆောင်နေဆဲသာ ဖြစ်သောကြောင့် မည်သည့်...

ရပ် / ကျေး အုပ်ချုပ်ရေးမှူးများငွေတောင်းမှု တနင်္သာရီ ဝန်ကြီးချုပ် သတိပေး

ရပ်ကွက်၊ ကျေးရွာများအတွင်း မြေအရောင်းအဝယ်ကိစ္စများတွင် ရပ်။ကျေးအုပ်ချုပ်ရေးမှူးများက ငွေတောင်း ခြင်းကို ရပ်တန်းကရပ်ရန် တနင်္သာရီ တိုင်း ဝန်ကြီးချုပ်က သတိပေးပြောကြား လိုက်သည်။ တိုင်းအစိုးရအဖွဲ့ထံသို့ ရပ် /ကျေး အုပ်ချုပ်ရေးမှူးများ မြေအရောင်းအဝယ် ကိစ္စများတွင် ငွေတောင်းခံမှုကို တိုင် ကြားသူပိုများလာကြောင်း ဝန်ကြီးချုပ် က ပြောသည်။ထားဝယ်မြို့၊ မြို့တော်ခန်းမတွင်...

ဥပဒေနှင့်အညီ ကြက်ပြန်မွေးရန် အစိုးရ ထုတ်ပြန်

ထားဝယ်တွင် အပြင်းစားကြက်ငှက် တုပ်ကွေးရောဂါ (H5N1) ဖြစ်ပွားခဲ့ပြီး နောက် ကြက်များ ပြန်လည်မွေးမြူ လိုပါက ဥပဒေနှင့်အညီ မွေးမြူရမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၅ ရက်နေ့ တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့က ထုတ်ပြန်ကြေညာ လိုက်သည်။ ကြက်မွေးမြူသူများအနေဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး...

တနင်္သာရီဂျာနယ်အမှု ပြင်ဆင်မှု လျှောက်ထားချက် တိုင်းတရားလွှတ်တော် ပလပ်

တနင်္သာရီဂျာနယ်က ပြင်ဆင်မှု လျှောက်ထားသည့် မဲဆွယ်အပြုံး သရော်စာအမှုကို တိုင်းဒေသကြီးတရား လွှတ်တော်က ဖေဖော်ဝါရီလ ၁၄ ရက် တွင် ပလပ်သည့် အမိန့်ချလိုက်သည်။ တနင်္သာရီဂျာနယ်တွင် ဖော်ပြခဲ့ သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံးသရော်စာသည် တနင်္သာရီ တိုင်းဝန်ကြီးချုပ် (ဟောင်း)နှင့် တိုင်းအစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေ...

ဝေဖန်မှုများရှိလာပြီးနောက် ရပ်ကွက်/ကျေးရွာ ဘောလုံးပြိုင်ပွဲ ကွင်းဝင်ကြေးအတွက် တင်ဒါစခေါ်

ထားဝယ်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာ ဘောလုံးပြိုင်ပွဲတွင် ကွင်းဝင်ကြေး ကောက်ခံသည့် လုပ်ငန်း အတွက် အိတ်ပိတ်တင်ဒါလျှောက်လွှာ များကို ဇွန်လ ၂ ရက်နေ့တွင် စတင် လျှောက်ထားနိုင်ကြောင်း ထားဝယ်မြို့ နယ် အားကစားမှူး ဦးသန်းဇော်မိုးက ပြောသည်။ အဆိုပါဘောလုံးပွဲများတွင် ကန် ထရိုက်ချပေးမှုနှင့် ပတ်သက်၍...
Dawei Watch, Dawei News, Dawei News Media

နာတာရှည်ထားဝယ်မြေယာ ပြဿနာ တိုင်းလွှတ်တော်ကွင်းဆင်းစစ်၊ တွေ့ရှိချက် အစီရင်ခံစာကို ဇန်နဝါရီလကုန်အပြီး ပြုစုမည်

တိုင်းအတွင်း နာတာရှည်ရောဂါ သဖွယ်ဖြစ်နေသည့် ထားဝယ်မြေယာ ပြဿနာကို တိုင်းလွှတ်တော်၏ မြေယာ အငြင်းပွားမှု စောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးပြီးနောက် တွေ့ရှိချက်အစီရင်ခံစာကို လာမည့်နှစ် ဇန်နဝါရီလကုန်အပြီး ပြုစုမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြားသည်။ အစိုးရနှစ်ဆက်တိုင် မဖြေရှင်းနိုင်သည့်...