ထားဝယ်မြို့တွင် မီးပွိုင့်လေးခု ထပ်တပ်ရန် ရဲတပ်ဖွဲ့ အဆိုပြု

0
425

ထားဝယ်မြို့တွင် ယာဉ်တိုက်မှု အဖြစ်များနိုင်သည့် နေရာ လေးခုတွင် မီးပွိုင့်များ ထပ်မံတပ်ဆင်နိုင်ရန် စက် တင်ဘာလ ၁ ရက်က တိုင်း ဒေသကြီး အစိုးရထံ အဆိုပြု တင်ပြ ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

မြို့အတွင်း ယာဉ်တိုက်မှု အန္တရာယ် ကင်းဝေးစေရန်အတွက် မီးပွိုင့်အသစ် ၄ နေရာ၊ အဝိုင်းပတ် ၂ နေရာ၊ ယာဉ်မရပ်ရ (yellow box) ၃ နေရာနှင့် အရှိန်လျော့ကုန်း (SlOW DOWN) ၂ နေရာ တပ်ဆင်ရန် အဆိုပြုတင်ပြ ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူက ဆိုသည်။
“ယာဉ်တိုက်မှု ဖြစ်နိုင်ခြေ များတဲ့ နေရာတွေကို ရွေးချယ်ပြီး တင်ပြတာ ပါ”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

လက်ရှိထားဝယ်မြို့တွင် ဒီဂျစ် တယ်စနစ် မီးပွိုင့် ၂ ခုနှင့် ရိုးရိုးမီးပွိုင့် ၅ ခု တပ်ဆင် အသုံးပြုလျက်ရှိသည်။

မီးပွိုင့်တပ်ဆင်ရန် အဆိုပြုထားသည့်နေရာ အဝိုင်းပတ်လုပ်ရန် အဆိုပြုထားသည့်နေရာ

အိမ်ရှေ့ပြင်လမ်းဆုံ(အဝေးပြေးကွင်း) ကမြောကင်းလမ်းနှင့် ဆန်းချီလမ်းဆုံ
ကမြောကင်းလမ်းနှင့် ၄ လမ်းဆုံ မြို့ပတ်လမ်းနှင့် ရွှေတောင်စားလမ်းဆုံ (ညောင်ပင်ကြီး)
ကမြောကင်းလမ်းနှင့် ကမ်းနားလမ်းဆုံ
(DDPC Shopping Centre အနီး)
ဘုမ္မော်ရပ်ကွက် ညောင်ပင်ကြီးလမ်းဆုံ