တရားမဝင် လက်ကိုင်လွှစက် ပြန်အပ်သူ သုံးဦးသာရှိ

0
382

တိုင်းအတွင်း တရားမဝင် ကိုင် ဆောင်အသုံးပြုနေသည့် လက်ကိုင် လွှစက်(ချိန်းဆော)များကို ပြန်လည် အပ်နှံသူ သုံးဦးသာရှိကြောင်း တနင်္သာ ရီတိုင်းဒေသကြီး သစ်တော ဦးစီးဌာန ထံမှ သိရသည်။

မှတ်ပုံတင်ထားခြင်း မရှိသည့် လက်ကိုင်လွှစက်များကို အပ်နှံရန် ပြီးခဲ့ သည့်နှစ်ကတည်းက သစ်တော ဦးစီး ဌာနက ညွှန်ကြား ထားခဲ့သည်။
လက်ရှိအချိန်ထိ သရက်ချောင်း မြို့နယ်မှ တရားမဝင် လက်ကိုင်လွှစက် ၂ လုံးနှင့် ကော့သောင်းမြို့နယ်မှ ၁ လုံး အပ်နှံခဲ့ကြောင်း သစ်တော ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကျော်ဇေယျက ပြော သည်။

အခြားမြို့နယ်များတွင် တရား မဝင် ကိုင်ဆောင်သည့် လက်ကိုင် လွှစက် ၁၁ လုံးကို သိမ်းဆည်းထားကာ ကိုင်ဆောင်သူများကို သစ်တော ဥပဒေ ဖြင့် အရေးယူထားကြောင်း သစ်တော ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက ဆိုသည်။
“တရားမဝင် သုံးစွဲနေတာနဲ့ ပတ် သက်ပြီး ဖုန်းနံပါတ်တွေလည်း ထုတ် ပြန်ထားတာ သတင်းပေးဖို့လည်း လို တယ်”ဟု သစ်တောဦးစီးဌာန တိုင်း ဦးစီးမှူး ဦးကျော်ဇေယျက ပြောသည်။

တရားမဝင် လက်ကိုင်လွှစက်များ အသုံးပြုမည့် နေရာကို ခိုင်ခိုင်မာမာ ပြနိုင်ပြီး တရားဝင်အခွန်ဆောင်ကာ တင်သွင်းလာပါက ၁ နှစ်သက်တမ်းရှိ လိုင်စင်လုပ်ပေးကြောင်း ၎င်းက ဆိုသည်။
တရားမဝင် လက်ကိုင်လွှစက်များ ကိုင်ဆောင် အသုံးပြုပါက သစ်တော ဥပဒေအရ ဒဏ်ငွေ ကျပ် နှစ်သောင်းမှ ထောင်ဒဏ် ၂ နှစ်အထိ ကျခံရနိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တော ဦးစီးဌာနထံမှ သိရသည်။

၂၀၁၇ ခုနှစ် ဇူလိုင်လအထိ စာရင်း များအရ ထားဝယ်ခရိုင်တွင် တရားဝင် မှတ်ပုံတင်ထားသည့် လက်ကိုင်လွှစက် ၁၃ လုံး၊ မြိတ်ခရိုင်တွင် ၄၀ လုံးနှင့် ကော့သောင်းခရိုင်တွင် လိုင်စင်သက်တမ်း လွန်နေသည့် လက်ကိုင်လွှစက် ၄၈ လုံး ရှိကြောင်း အထက်ပါဌာနထံမှ သိရ သည်။