ငါးလအတွင်း တရားမ၀င်သစ် တန်လေးရာခန့် ဖမ်းမိ

တနင်္သာရီတိုင်းတွင် ငါးလအတွင်း တရားမ၀င်သစ် တန်လေးရာခန့် ဖမ်းမိ ခဲ့ကြောင်း တိုင်းသစ်တောဦးစီးဌာနထံမှ သိရသည်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ်ဖေဖော်ဝါရီလအထိ ၅ လ အတွင်း ထားဝယ်ခရိုင်တွင် ၁၀၆ ဒဿမ ၈၃၃၂ တန်၊ မြိတ်ခရိုင်တွင် ၁၇၇...

စောင်းကောက်ကျွန်းတွင် လုပ်ငန်းရှင် ၅ ဦးကို လုပ်ကိုင်ခွင့် လျှောက်ခိုင်းထားဆဲဟုဆို

ကော့သောင်းမြို့ ဇာဒက်ကြီးကျေး ရွာအုပ်စု စောင်းကောက်ကျွန်းပေါ်တွင် ကုမ္ပဏီလုပ်ငန်းရှင် ငါးဦးကို ယာယီ လုပ်ပိုင်ခွင့်သာ ပြုထားပြီး BOT စနစ် ဖြင့် လုပ်ကိုင်ခွင့် လျှောက်ခိုင်းထားဆဲဖြစ်ကြောင်း ၀န်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။ ကုမ္ပဏီ ၅...

ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ငါးဖမ်းပိုက်များ ဆုံးရှုံးမှု ညှိနှိုင်းပေးရန် တိုင်းအစိုးရအဖွဲ့ထံ တိုင်ကြား

ရေဖြူမြို့နယ် ပင်လယ်အတွင်းရှိ ဇောတိက ဓာတ်ငွေ့ပိုက်လိုင်းနှင့်ငြိကာ ငါးဖမ်းပိုက်များ ဆုံးရှုံးခဲ့ရမှုကို ကုမ္ပဏီ နှင့် ညှိနှိုင်းပေးရန် မတ်လဆန်းပိုင်းတွင် ဒေသခံရေလုပ်သားများက တိုင်းအစိုးရ အဖွဲ့ထံ တိုင်ကြားလိုက်သည်။ PTTEP ကုမ္ပဏီက လုပ်ကိုင်နေသည့် ဇောတိကစီမံကိန်း၏ ဓာတ်ငွေ့ ပိုက်လိုင်းနှင့် ဇာဒီကျေးရွာအုပ်စု၊ ကျောက်ထရံကျေးရွာနှင့် ဖြူနပ်ကျေးရွာ ရှိ...

ထားဝယ် ခြေ/ဥ ပြင်ဆင်ရေး ထောက်ခံပွဲ ဧပြီလဆန်းတွင် ကျင်းပမည်

ခရိုင်တစ်ခုလုံးပါဝင်သည့် ၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲကို ထားဝယ်မြို့တွင် ဧပြီလဆန်းပိုင်း  ကျင်းပမည်ဖြစ်ကြောင်း ထောက်ခံပွဲဖြစ်မြောက်ရေးကော်မတီ (ထားဝယ်ခရိုင်)ထံမှ သိရသည်။ ဧပြီ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ရွှေဝယ်သီရိအားကစားကွင်းတွင် စုရပ် ပြု၍ ထားဝယ်မြို့ကို ယာဉ်တန်းဖြင့် ပတ်ပြီး...

ဒီရေတောရှင်းကာ ပုစွန်မွေးမြူရေး လုပ်ကိုင်မှု ရပ်နားထားသင့်ဟု တိုင်းလွှတ်တော်မှ သဘောထားမှတ်ချက်ပေး

ခွင့်ပြုချက်မရှိဘဲ ဒီရေတောများ ရှင်းလင်းကာ ပုစွန်မွေးမြူရေးစီမံကိန်း လုပ်ဆောင်နေမှုကို ရပ်နားထားသင့် သည်ဟု တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်က သဘောထားမှတ်ချက် ပေးလိုက်ကြောင်း လွှတ်တော်ဥက်္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။ ပြည့်ဖြိုးထွန်းကုမ္ပဏီ၏ ကျွန်းစု မြို့နယ်အတွင်း ရေငန်ပုဇွန်မွေးမြူရေး လုပ်ငန်းလုပ်ကိုင်နေမှုနှင့် ပတ်သက်၍ ကုမ္ပဏီဘက်မှ တိုင်းလွှတ်တော်တွင် မတ်လ ၁၈...

ကျပ် ၉ ဘီလီယံနီးပါးရှိလာသည့် GGS ဂက်စ်ဖိုးအကြွေး တိုင်းအစိုးရ တာဝန်ယူ တောင်းပေးရမည်

ထားဝယ်ခရိုင်တွင် လျှပ်စစ်ထုတ် လုပ်ဖြန့်ဖြူးနေသည့်  GGS ကုမ္ပဏီမှ အစိုးရသို့ပေးရမည့် ဂက်စ်ဖိုးကျပ် ၉ ဘီလီယံနီးပါး ရှိလာပြီဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရက တာဝန်ယူ တောင်းခံပေးရမည်ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောကြားသည်။ မတ်လ ၁၄ ရက်က နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရုံးတွင်...

ပညာရေးဌာနများ ပြည်ထောင်စုဖောင့် စသုံးရန် ညွှန်ကြား

ပညာရေးဌာနများ အားလုံးကို မတ်လ ၁၅ ရက်မှစတင်ပြီး ကွန်ပြူ တာတွင် မြန်မာစာဖောင့် အမျိုးအစား အသစ်ဖြစ်သည့် ပြည်ထောင်စုဖောင့် ( Pyidaungsu Font) ကို စတင်အသုံးပြုရန် ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြား ထားကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

စည်ပင်က ဖယ်ရှားပေးရန် စာထုတ်ထားသည့် ရော်ဘာမှိုင်းခံလုပ်ငန်း မေလ၀န်းကျင် ဖယ်ပေးမည်ဟုဆို

ထားဝယ်မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့က ဖယ်ရှားပေးရန် အကြောင်း ကြားစာ ထုတ်ထားသည့် ထားဝယ်မြို့ ထိန်သစ်(တိုးချဲ့မြို့သစ်) ရပ်ကွက်၊ အမှတ်(၆) လမ်းရှိ ရော်ဘာမှိုင်းခံ လုပ်ငန်းကို လာမည့်မေလ၀န်းကျင်တွင် ဖယ်ရှားပေးမည်ဖြစ်ကြောင်း ယင်းရော်ဘာလုပ်ငန်း တာဝန်ခံကပြောသည်။ လက်ရှိတွင် ရော်ဘာရာသီမကုန် သေးသဖြင့် ရာသီကုန်သည်အထိ ဆက်...

ဘ၀ါကျေးရွာတွင် ဖြစ်ပွားနေသည့် ဆင်တုပ်ကွေးရောဂါ ထိန်းချုပ်နိုင်ပြီဟုဆို

ဆင်တုပ်ကွေးရောဂါလက္ခဏာများ အစုလိုက်အပြုံလိုက် ဖြစ်ပွားခဲ့သည့် ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ ဘ၀ါ ကမ်းခြေကျေးရွာတွင် ရောဂါထိန်းချုပ် နိုင်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ရှိ  ပိုးမွှားများမှ တစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နှင်းရေး အဖွဲ့ (ရပကန)ထံမှ သိရသည်။ ပရဒတ်ကျေးရွာအုပ်စု၊ ဘ၀ါကမ်း...

တနင်္သာရီတွင် ပလပ်ပေါက်ပြုပြင်ရာမှ ဓာတ်လိုက်သေဆုံးမှုဖြစ်

တနင်္သာရီမြို့၊ ချောင်းကြီးရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးသည် မတ်လ ၁၃ ရက်က နေအိမ်တွင် ရေတင်ရန် ပလပ်ပေါက်ပြုပြင်ရာမှ ဓာတ်လိုက်သေဆုံးခဲ့ကြောင်း တနင်္သာရီမြို့မရဲ စခန်းထံမှ သိရသည်။ သေဆုံးခဲ့သူ အမျိုးသားမှာ အသက် ၂၅ နှစ်အရွယ်ရှိပြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လူထုဗဟို ပြုစီမံကိန်းမှ...