တနင်္သာရီတွင် ပလပ်ပေါက်ပြုပြင်ရာမှ ဓာတ်လိုက်သေဆုံးမှုဖြစ်

0
677

တနင်္သာရီမြို့၊ ချောင်းကြီးရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးသည် မတ်လ ၁၃ ရက်က နေအိမ်တွင် ရေတင်ရန် ပလပ်ပေါက်ပြုပြင်ရာမှ ဓာတ်လိုက်သေဆုံးခဲ့ကြောင်း တနင်္သာရီမြို့မရဲ စခန်းထံမှ သိရသည်။

သေဆုံးခဲ့သူ အမျိုးသားမှာ အသက် ၂၅ နှစ်အရွယ်ရှိပြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လူထုဗဟို ပြုစီမံကိန်းမှ လက်ထောက် နည်းပညာမှူးဖြစ်ကြောင်း တနင်္သာရီ မြို့မ ရဲစခန်း ထံမှ သိရသည်။

အဆိုပါ သေဆုံးမှုသည် ဓမ္မတာ တိုင်းသေဆုံးခြင်း ဟုတ် / မဟုတ် စစ်ဆေး လျက်ရှိကြောင်း ယင်းရဲစခန်း ထံမှ သိရသည်။

မြင့်မိုရ်(မြိတ်)