ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ငါးဖမ်းပိုက်များ ဆုံးရှုံးမှု ညှိနှိုင်းပေးရန် တိုင်းအစိုးရအဖွဲ့ထံ တိုင်ကြား

0
526

ရေဖြူမြို့နယ် ပင်လယ်အတွင်းရှိ ဇောတိက ဓာတ်ငွေ့ပိုက်လိုင်းနှင့်ငြိကာ ငါးဖမ်းပိုက်များ ဆုံးရှုံးခဲ့ရမှုကို ကုမ္ပဏီ နှင့် ညှိနှိုင်းပေးရန် မတ်လဆန်းပိုင်းတွင် ဒေသခံရေလုပ်သားများက တိုင်းအစိုးရ အဖွဲ့ထံ တိုင်ကြားလိုက်သည်။

PTTEP ကုမ္ပဏီက လုပ်ကိုင်နေသည့် ဇောတိကစီမံကိန်း၏ ဓာတ်ငွေ့ ပိုက်လိုင်းနှင့် ဇာဒီကျေးရွာအုပ်စု၊ ကျောက်ထရံကျေးရွာနှင့် ဖြူနပ်ကျေးရွာ ရှိ ဒေသခံရေလုပ်သားများ၏ ငါးဖမ်းပိုက်များငြိကာ ဆုံးရှုံးမှုများ နှစ်စဉ် ကြုံ တွေ့နေရကြောင်း ဒေသခံများက ပြောသည်။

PTTEP ကုမ္ပဏီက ပင်လယ် ရေအောက်တွင် ပိုက်လိုင်းစမြှုပ်သည့် အချိန်ဖြစ်သည့် လွန်ခဲ့သော် ၁၀ နှစ် ၀န်းကျင်ကတည်းက ငါးဖမ်းပိုက်များ နှစ်စဉ်ပျက်စီးဆုံးရှုံးနေရပြီး ၂၀၁၉ ခုနှစ် ဇန်န၀ါရီလနှင့် ဖေဖော်ဝါရီလတွင်မူ ရေလုပ်သားများ၏ ငါးဖမ်းပိုက် ဆုံးရှုံးမှု အများဆုံးဖြစ်ခ့ကြောင်း ဒေသခံ ရေလုပ် သားများက ဆိုသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလနှင့် ဖေဖော်ဝါရီလက  ရေလုပ်သား ၁၆ ဦး၏ ငါး ဖမ်းပိုက် ၁၂၀ ဖုံခန့် ဆုံးရှုံးခဲ့ကြောင်း ရေလုပ်သားအချို့ထံမှ သိရသည်။

ယခင်ပျက်စီးခဲ့သည့် အချိန်များက မည်သည့်နေရာတွင် တိုင်ကြားရမှန်းမသိ သည့်အတွက် ယခုမှသာတိုင်ကြား ဖြစ် ကြောင်း  ကျောက်ထရံကျေးရွာနေ ဦးထွန်းအေးက ဆိုသည်။

ယခင်ပျက်စီးခဲ့သည့် ပျက်စီးဆုံးရှုံး မှုများအတွက် တောင်းဆိုခြင်းမဟုတ်ဘဲ ပြီးခဲ့သည့် ဇန်န၀ါရီလနှင့် ဖေဖော်ဝါရီ လက ပျက်စီးဆုံးရှုံးမှုအတွက် ငါးဖမ်း ပိုက်တန်ဖိုးကိုသာ ပြန်လိုချင်သည်ဟု ရေလုပ်သားများက ဆိုသည်။

“အစိုးရက ကြားဝင်ပြီး ကူညီဖြေ ရှင်းပေးတာမျိုး လုပ်ပေးစေချင်တယ်”ဟု ဦးထွန်းအေးက ပြောသည်။

ငါးဖမ်းပိုက်များပျက်စီးရခြင်းမှာ ဓာတ်ငွေ့ပိုက်လိုင်းတွင် ပိုက်အဆက် နေရာများ၌ မူလီခေါင်းများထွက်နေခြင်း၊ ပိုက်လိုင်းကို ကာရံထားသည့် သံဇကာ ကွက်များဖြင့် ငြိခြင်းတို့ကြောင့် ဖြစ်နိုင် သည်ဟု ဒေသခံရေလုပ်သားများက ယူဆကြသည်။

ဓာတ်ငွေ့ပိုက်လိုင်းနှင့် လွတ်ကင်း သည့်နေရာတွင် ငါးဖမ်းပိုက်ပစ်ခဲ့ သော်လည်း ပင်လယ်ရေစီးအားကြမ်း သည့်အတွက် ပိုက်လိုင်းနှင့် ငြိနေမြဲ ပင်ဖြစ်ကြောင်း ကျောက်ထရံရွာ ရေလုပ်သားများက ငြီးတွားကြသည်။

ပိုက်လိုင်းမြှုပ်ထားသည့် အမှတ် အသားမရှိသည့်အတွက် ရာသီဥတုမကောင်းသည့်အချိန်များတွင်(ကျွန်း ကမ်းခြေ စသည်တို့ကို မမြင်ရသဖြင့် နေရာ မခန့်မှန်းနိုင်ခြင်းကြောင့်) လည်း ငါးဖမ်းပိုက်များငြိကာ ပျက်စီးရသည်ဟု ၎င်းတို့က ဆိုသည်။

ငါးဖမ်းပိုက်များ ဆုံးရှုံးခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ PTTEP ကုမ္ပဏီ ထံ တင်ပြခဲ့သော်လည်း လက်ရှိအချိန်ထိ တာဝန်ယူဖြေရှင်းခြင်း မရှိသေးကြောင်း ရေလုပ်သားများက ဆိုသည်။

ငါးဖမ်းပိုက်များဆုံးရှုံးခဲ့သည့်   ကိစ္စနှင့် ပတ်သက်၍ တိုင်ကြားလာသည့် စာ တစ်စုံတစ်ရာမရရှိကြောင်း PTTEP ကုမ္ပဏီက မတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

PTTEP ကုမ္ပဏီ၏ ထုတ်ပြန် ချက်တွင် ဇောတိကပိုက်လိုင်းသည် ညီညာပြေပြစ်ပြီး ငါးဖမ်းပိုက်နှင့်ငြိနိုင် သည့် ၀က်အူနှင့် အချွန်အတက်များ လုံးဝမရှိကြောင်း ဖော်ပြထားသည်။

ကုမ္ပဏီ၏ ထုတ်ပြန်ချက်နှင့်ပတ် သက်၍ ကုမ္ပဏီကို ဒေသခံများက ဆက်သွယ်ခဲ့ရာ ကုမ္ပဏီဘက်က တစ် ပတ်အတွင်းအကြောင်းပြန်မည်ဟု ပြော ဆိုခဲ့ကြောင်း ဒေသခံများ၏ ကူညီပေး နေသူထံမှ သိရသည်။

ဓာတ်ငွေ့ပိုက်လိုင်းနှင့် ငြိကာ ပျက်စီးမှုဖြစ်သည့် ငါးဖမ်းပိုက်အမျိုး အစားမှာ ရေအောက်ငါးဖမ်းပိုက် (ဒေသ အခေါ် ရေမြုပ်ပိုက်)များဖြစ်ပြီး ပိုက်တစ် ဖုံလျှင် ငွေကျပ် ကိုးသောင်းခွဲခန့် တန်ဖိုး ရှိကြောင်း ရေလုပ်သားအချို့ထံမှ သိရသည်။

ကြိုတင်ငွေထုတ်ပေးနေသည့် ငါး ဒိုင်များကလည်း ရေလုပ်သားများ အကြွေးမဆပ်နိုင်သည့်အတွက် ငါးဖမ်း ပိုက်ပြန်ဝယ်ရန် ကြိုတင်ငွေ ထုတ်မပေး တော့ကြောင်း ငါးဖမ်းပိုက်အားလုံးနီးပါး ဆုံးရှုံးခဲ့ရသည့် ရေလုပ်သားတစ်ဦး၏ ဇနီးဖြစ်သူ ဒေါ်မိုးအေးက ပြောသည်။

အခုဆို ငါးဖမ်းပိုက်တွေ မရှိတော့ လို့ သူများလှေမှာ နေ့စားအဖြစ်နဲ့ ထွက်လိုက်နေရတယ်”ဟု ဒေါ်မိုးအေးက ဆိုသည်။

ရေလုပ်သားအချို့က ဆုံးရှုံးခဲ့ရ သည့် ငါးဖမ်းပိုက်များအတွက် ကုမ္ပဏီ ဘက်မှ နစ်နာကြေးပေးရန် လိုလားနေ သည့်အပြင် ငါးဖမ်းပိုက်မငြိစေရန် ဓာတ်ငွေ့ပိုက်လိုင်းကို ဖုံးကာခြင်း သို့မဟုတ် မြေမြှုပ်ခြင်း လုပ်ဆောင်စေ ချင်ကြောင်း ပြောသည်။

ဓာတ်ငွေ့ပိုက်လိုင်းနှင့် ငြိပြီးဆုံးရှုံး ခဲ့ရသည့် ငါးဖမ်းပိုက်များအတွက် ကုမ္ပဏီမှ တာဝန်ယူဖြေရှင်းပေးရန်နှင့် နောင်တွင် ပိုက်လိုင်းနှင့် ငါးဖမ်းပိုက်မငြိ စေရန် ကုမ္ပဏီနှင့် ဒေသခံများက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ညှိနှိုင်း ညွှန်ကြားပေးစေလိုကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။

တိုင်ကြားစာမိတ္တူကို ပြည်ထောင် စုသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ တိုင်းဒေသကြီး စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း အစရှိသည့် တာဝန်ရှိသူများ ကိုလည်း မိတ္တူပေးထားသည်။

ရေလုပ်သားများ တိုင်ကြားထားမှု အပေါ် ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်အုပ် ချုပ်ရေးမှူးကို စိစစ်ခိုင်းမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း က ပြောသည်။

စိစစ်ပြီး ရရှိလာမည့် ရလဒ်အပေါ် ညှိနှိုင်းကာ ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း ၀န်ကြီးဦးမြင့်စန်းက ဆို သည်။

ပင်လယ်ကြမ်းပြင်ရှိ ဓာတ်ငွေ့ ပိုက်လိုင်းနှင့်ငြိကာ ငါးဖမ်းပိုက်များ ပျက်စီးခဲ့သည့် ကျောက်ထရံကျေးရွာတွင် ကမ်းနီးငါးဖမ်းလှေ အစီးရေ ၇၀ ခန့် ရှိကြောင်း ဒေသခံရေလုပ်သားများထံမှ သိရသည်။

Dawei Watch