ငါးလအတွင်း တရားမ၀င်သစ် တန်လေးရာခန့် ဖမ်းမိ

0
636

တနင်္သာရီတိုင်းတွင် ငါးလအတွင်း တရားမ၀င်သစ် တန်လေးရာခန့် ဖမ်းမိ ခဲ့ကြောင်း တိုင်းသစ်တောဦးစီးဌာနထံမှ သိရသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ်ဖေဖော်ဝါရီလအထိ ၅ လ အတွင်း ထားဝယ်ခရိုင်တွင် ၁၀၆ ဒဿမ ၈၃၃၂ တန်၊ မြိတ်ခရိုင်တွင် ၁၇၇ ဒဿမ ၁၇၆၄ တန်နှင့် ကော့သောင်းခရိုင်တွင် ၁၁၇ ဒဿမ ၈၄၀၅ တန် ဖမ်းမိခဲ့ကြောင်း တိုင်းသစ်တောဦးစီးဌာန ဦးစီးမှူး ဦးဖေချစ်က ပြောသည်။

“ဖမ်းမိတဲ့ သစ်တွေကိုတော့ မြန်မာ့ သစ်လုပ်ငန်းကို လွှဲပေးရတယ်။ မြန်မာ့ သစ်လုပ်ငန်းက မသုံးတဲ့ သစ်တွေကို တော့ ဒီက ဒေသခံ(သစ်လုပ်ငန်းရှင်) တွေကို လေလံတင် ပြန်ရောင်းတာ”ဟု ဦးဖေချစ်က ဆိုသည်။

ယင်းတရားမ၀င်သစ်နှင့်အတူ ဖမ်းမိခဲ့သည့် လူ ၇၄ ဦးကိုလည်း သစ်တော ဥပဒေဖြင့် တရားစွဲထားကြောင်း ၎င်းက ဆိုသည်။ ဖမ်းဆီးရမိသည့် သစ်များမှာ ပိတောက်၊ သင်္ကန်း စသည့် သစ်များ အများဆုံး ပါဝင်ကြောင်း တိုင်းသစ်တော ဦးစီးဌာနထံမှ သိရသည်။

ကျော်သူစိုး