ခြေ/ဥ ပြင်ဆင်ရေး ထောက်ခံပွဲတွင် လူထုနှင့်တန်းတူ ၀င်ထိုင်သည့် ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ

ဧပြီလ ၅ ရက်က ထားဝယ်မြို့၌ ကျင်းပခဲ့သည့် ၂၀၁၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲ၏ ဟောပြောပွဲကို တိုင်းအစိုးရအဖွဲ့ဝင် ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များက လူထုကြားဝင်ထိုင်ကာ နားထောင်ခဲ့သည်။ ထိုသို့ လူထုနှင့် တပြေးညီ လူထုကြားဝင်ထိုင်ကာ နားထောင်ခဲ့သည့် အတွက်...

တီဘီလူနာအသစ်များတွင် HIV ပိုးတွေ့ နှုန်း ကော့သောင်းအများဆုံး

တနင်္သာရီတိုင်းအတွင်း တီဘီရောဂါ လူနာအသစ်များတွင် ကိုယ်ခံအားကျ ရောဂါ HIV ပိုးတွေ့သည့်နှုန်းမှာ ကော့သောင်း ခရိုင်တွင် အများဆုံးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရှိ ခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ထံမှ သိရသည်။ တီဘီလူနာအသစ်ဆိုသည်မှာ ယခင်က တီဘီရောဂါ မဖြစ်ပွားခဲ့ဖူးသူများ ဖြစ်သည်။

မောင်းမကန်ကမ်းခြေ သဲသောင်ပြင်တွင် ရောင်းချနေသည့်ဆိုင်များ သင်္ကြန်အလွန် အပြီးဖယ်ရှားရမည်

ထားဝယ်ဒေသရှိ နာမည်ကြီး မောင်းမကန်ကမ်းခြေ သဲသောင်ပြင်တွင် တည်ခင်းရောင်းချနေသည့် ဆိုင်များကို သင်္ကြန်အလွန်တွင် အပြီးဖျက်သိမ်းရန် တာဝန်ရှိသူများက လာရောက်ပြောဆို ထားကြောင်း ကျေးရွာအဆင့် မောင်းမကန် ကမ်းခြေသန့်ရှင်းသာယာလှပရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးလေးဝင်းက ဆိုသည်။ အဆိုပါ ဆိုင်များကို ဧပြီလ ၁၉...

ပစ္စည်းအဟောင်းဆိုင်များ လမ်းပေါ်ပစ္စည်းထားပါက ကျပ်သိန်းချီ ဒဏ်ရိုက်မည်

ထားဝယ်မြို့အတွင်းရှိ သံတို၊ သံစ၊ ပလပ်စတစ် စသည့် ပစ္စည်းအဟောင်း ၀ယ်သည့်ဆိုင်များအနေဖြင့် အများပြည်သူ သွားလာနေသည့် လမ်းဧရိယာအတွင်း စုပုံထားပါက ငွေကျပ်သိန်းချီ ဒဏ်ရိုက် မည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးက ပြောသည်။ လမ်းဧရိယာအတွင်း အဆိုပါ...

လျှပ်စစ်ကော်မတီသစ် ဂက်စ်ဖိုးအကြွေးကိစ္စ အပါအ၀င် အချက်ငါးချက် ဦးစားပေးလုပ်ဆောင်မည်

ထားဝယ်ခရိုင်လျှပ်စစ်ကော်မတီ သစ်အနေဖြင့် GGS ကုမ္ပဏီ၏ ဂက်စ်ဖိုးအကြွေး ထပ်မဖြစ်စေရေး အပါအ၀င် အချက် ငါးချက်ကို ဦးစားပေးလုပ်ဆောင် မည်ဖြစ်ကြောင်း ယင်းကော်မတီဥက္ကဋ္ဌ ၀န်ကြီးဦးအောင်သူရက ပြောသည်။ “ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ အထောက်အကူပြု ဗဟိုကြီးကြပ်မှုကော်မတီ”ကို ထားဝယ်ခရိုင်အတွင်းမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊...

အဂတိဥပဒေဖြင့် တရားစွဲခံထားရသည့် တနင်္သာရီဝန်ကြီးချုပ်ဟောင်း အာမခံလျှောက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့်အမှုဖွင့်ခံထားရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အား အာမခံပေးရန် ဧပြီလ ၄ ရက်နေ့ရုံးချိန်းတွင် ၎င်း၏ရှေ့နေများက လျှောက်ထားခဲ့သည်။ ၀န်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်သည် အမျိုးသမီးတစ်ဦးဖြစ်ခြင်း၊ ကင်ဆာရောဂါခံစားနေရသည့် မကျန်းမာသူတစ်ဦး ဖြစ်ခြင်း အစရှိသည့် အကြောင်းများကြောင့် အာမခံပေးရန်(အချုပ်လွတ်ထုချေခွင့်)ပေးရန် ရှေ့နေများက တင်ပြခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။

သံချပ် ကြောက်သလား

လာမည့် မဟာသင်္ကြန်ပွဲတော်တွင် သံချပ်ပြိုင်ပွဲ ၀င်ပြိုင်ကြရန်နှင့် ဆုကြေးငွေများ တိုးမြှင့်ပေးမည်ဟု တိုင်းနှင့် ပြည်နယ်အချို့မှ ဌာနဆိုင်ရာများက ဖိတ်ခေါ်ကြေညာနေသည်။ ထားဝယ်ရှိ တိုင်းအစိုးရအဖွဲ့ ဗဟိုမဏ္ဍပ်တွင်မူ ယခုနှစ်တွင်လည်း သံချပ်ထိုးသံ ကြားရမည် မဟုတ်ပေ။ တိုင်းအစိုးရ ဗဟိုမဏ္ဍပ်၏ ဖျော်ဖြေရေးအစီအစဉ်များ၊...

ဘန်းချောင်း ကျောက်မီးသွေးမိုင်း ကွင်းဆင်းစစ်ဆေးရန် ညွှန်ကြား

ထားဝယ်မြို့နယ်၊ ဘန်းချောင်းဒေသ၊ ကွမ်းချောင်းကြီး ကျေးရွာရှိ ကျောက်မီးသွေးမိုင်းအား ကွင်းဆင်းစစ်ဆေးရန် သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာများအား ညွှန်ကြားထားကြောင်း ၀န်ကြီးချုပ်သစ် ဦးမြင့်မောင်က ပြောသည်။ ဘန်းချောင်းကျောက်မီးသွေးမိုင်းသတ္တုတွင်းစောင့်ကြည့်ရေးအဖွဲ့က ယင်းကျောက်မီးသွေးမိုင်း ကွင်းဆင်း တွေ့ရှိချက် အစီရင်ခံစာကို မတ်လ ၁၃ ရက် က တိုင်းအစိုးရအဖွဲ့ထံ ပေးပို့ပြီးနောက် ယင်းသို့...

ရပ်ရွာအခြေအပြု လူကုန်ကူးစောင့်ကြည့်ရေးအဖွဲ့ဥက္ကဋ္ဌ ဖြစ်နေသည်ကို ကာယကံရှင်များပင် မသိ

ရပ်ရွာအခြေပြု လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့တွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားရသည်ကို ကာယကံရှင် အုပ်ချုပ်ရေးမှူးများပင် မသိရှိကြောင်း တနင်္သာရီအပတ်စဉ်၏ စုံစမ်းမေးမြန်းမှုအရ သိရသည်။ ဥက်္ကဋ္ဌအဖြစ် ပါဝင်နေသည်ကို ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးအများစုက မသိကြသည့်အပြင် ယင်းအဖွဲ့များ ဖွဲ့ထားသည်ကိုပင် မသိရှိကြကြောင်း ထားဝယ်ခရိုင်ရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူး...

တနင်္သာရီအမျိုးသမီးအသင်း ကွာတားတွင် ရန်ကုန်အသင်းကို ဂိုးပြတ်ရှုံး

တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်နေသည့် တနင်္သာရီ တိုင်းအသင်းသည် မတ်လ ၃၀ ရက်က ယှဉ်ပြိုင်သည့် ကွာတားဖိုင်နယ်တွင် ရန်ကုန်တိုင်းအသင်းကို ၃ ဂိုး၊ ဂိုးမရှိဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။ တနင်္သာရီအမျိုးသမီးအသင်းသည် မန္တလေး၊ မကွေး၊ မွန်တို့နှင့် တစ်အုပ်စု...