ဘန်းချောင်း ကျောက်မီးသွေးမိုင်း ကွင်းဆင်းစစ်ဆေးရန် ညွှန်ကြား

0
854

ထားဝယ်မြို့နယ်၊ ဘန်းချောင်းဒေသ၊ ကွမ်းချောင်းကြီး ကျေးရွာရှိ ကျောက်မီးသွေးမိုင်းအား ကွင်းဆင်းစစ်ဆေးရန် သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာများအား ညွှန်ကြားထားကြောင်း ၀န်ကြီးချုပ်သစ် ဦးမြင့်မောင်က ပြောသည်။

ဘန်းချောင်းကျောက်မီးသွေးမိုင်းသတ္တုတွင်းစောင့်ကြည့်ရေးအဖွဲ့က ယင်းကျောက်မီးသွေးမိုင်း ကွင်းဆင်း တွေ့ရှိချက် အစီရင်ခံစာကို မတ်လ ၁၃ ရက် က တိုင်းအစိုးရအဖွဲ့ထံ ပေးပို့ပြီးနောက် ယင်းသို့ ဌာနများအား ကွင်းဆင်းစိစစ်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၁၉ ရက်က ကွင်းဆင်းကာ တင်ပြခဲ့သည့် စောင့်ကြည့်ရေးအဖွဲ့ ၏ အစီရင်ခံစာတွင် East Star Mining  ကုမ္ပဏီ၏ လုပ်ကိုင်ခွင့်ရ ဧရိယာတိကျမှု မရှိခြင်း၊ မိုင်းအနီး ချောင်းများလည်း ပျက်စီးကာ ငါးတစ်ကာင်မျှ မရှိတော့ဘဲ ချောင်းရေကို ဒေသခံများ အသုံးမပြုရဲ တော့ခြင်း၊ စွန့်ပစ်မြေစာနှင့် ရေဆိုးကြောင့် ချောင်းရေလမ်းကြောင်း ပြောင်းလဲသွားပြီး ဒေသခံတို့၏ ဥယျာဉ်ခြံမြေများ ပျက်စီးခြင်းတို့အပြင် အခြားထိခိုက်မှု များရှိနေကြောင်း ဖော်ပြထားသည်။

Dawei Watch