တနင်္သာရီအမျိုးသမီးအသင်း ကွာတားတွင် ရန်ကုန်အသင်းကို ဂိုးပြတ်ရှုံး

0
687

တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်နေသည့် တနင်္သာရီ တိုင်းအသင်းသည် မတ်လ ၃၀ ရက်က ယှဉ်ပြိုင်သည့် ကွာတားဖိုင်နယ်တွင် ရန်ကုန်တိုင်းအသင်းကို ၃ ဂိုး၊ ဂိုးမရှိဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။

တနင်္သာရီအမျိုးသမီးအသင်းသည် မန္တလေး၊ မကွေး၊ မွန်တို့နှင့် တစ်အုပ်စု တည်းကျရောက်ခဲ့သည်။

အုပ်စုပွဲစဉ်အတွင်း မန္တလေး၊ မွန် တို့ကို ဂိုးမရှိသရေကျခဲ့ပြီး မကွေးတိုင်း အသင်းကို ၇ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရကာ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲတွင် တနင်္သာရီအမျိုးသမီး အသင်းအနေဖြင့် အုပ်စုတက်နိုင်ရေးကို သာ မျှော်မှန်းကာ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းအသင်း အုပ်ချုပ်သူ ဒေါ်အောင်အောင်က ပြိုင်ပွဲမတိုင်မီ ကတည်းက ပြောကြားထားသည်။

အုပ်စုတက်နိုင်ရေးကိုသာ မျှော်မှန်းရခြင်းမှာ တနင်္သာရီအမျိုးသမီးအသင်း အနေဖြင့် ကြိုတင်လေ့ကျင့်ချိန်နည်းခြင်းနှင့် တနင်္သာရီတိုင်းတွင် အမျိုးသမီးဘောလုံး ကစားသမား ရှားပါးခြင်းတို့ကြောင့် ဖြစ်ကြောင်း ဒေါ်အောင်အောင်က ပြောသည်။

တနင်္သာရီအသင်းနှင့် တစ်အုပ်စုအတွင်း ဂိုးမရှိ သရေကျခဲ့သည့် မွန်အသင်းမှာ ကွာတားတွင် နေပြည်တော်အသင်းအား အနိုင်ရရှိကာ ဆီမီးဖိုင်နယ်တက် ရောက်သွားပြီး အခြားအုပ်စုများမှ ကရင်၊ ရှမ်း၊ ရန်ကုန်အသင်းတို့လည်း ဆီးမီးဖိုင်နယ်ကို တက်ရောက်ခဲ့သည်။

ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဧပြီလ ၁ ရက် တွင် နေပြည်တော် ၀ဏ္ဏသိဒ္ဓိ ဘောလုံး ကွင်းတွင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

Dawei Watch