ခြေ/ဥ ပြင်ဆင်ရေး ထောက်ခံပွဲတွင် လူထုနှင့်တန်းတူ ၀င်ထိုင်သည့် ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ

0
2468
ဓာတ်ပုံ - ဝေယံစိုး

ဧပြီလ ၅ ရက်က ထားဝယ်မြို့၌ ကျင်းပခဲ့သည့် ၂၀၁၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲ၏ ဟောပြောပွဲကို တိုင်းအစိုးရအဖွဲ့ဝင် ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များက လူထုကြားဝင်ထိုင်ကာ နားထောင်ခဲ့သည်။

ထိုသို့ လူထုနှင့် တပြေးညီ လူထုကြားဝင်ထိုင်ကာ နားထောင်ခဲ့သည့် အတွက် ဒေသခံအချို့က ချီးကျူးခဲ့ကြ သည်။ တနင်္သာရီတိုင်းတွင် ယခင်က ယင်းမြင်ကွင်းမျိုး တွေ့ရလေ့မရှိဟု ၎င်းတို့က ဆိုသည်။

ခြေ/ဥ ပြင်ဆင်ရေး ထောက်ခံပွဲတွင် စာရေးဆရာ ထင်လင်းဦးနှင့် (ဗိုလ်ကြီးဟောင်း/ နိုင်ငံရေးအကျဉ်းသားဟောင်း) ဦးနေမျိုးဇင်တို့က ဟောပြောခဲ့ကြသည်။

ထိုနေ့က ထားဝယ်ခရိုင်အတွင်းမှ ဒေသခံ ၂၀၀၀ ခန့်က ခြေ/ဥပြင်ဆင်ရေး ထောက်ခံကြောင်း ထားဝယ်မြို့တွင်း ယာဉ်တန်းဖြင့် စီတန်းလှည့်လည်ဆန္ဒထုတ် ဖော်ခဲ့သည်။   

Dawei Watch