ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲနှင့် တနင်္သာရီ နဂါးလှေလှော်ပွဲကို ယူနက်စကိုထံ တင်ပြထား

ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲနှင့် တနင်္သာရီနဂါးလှေလှော်ပွဲကို ယူနက် စကိုအဖွဲ့ထံသို့ မေလ၀န်းကျင်က တင်ပြထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ထားဝယ်ဌာနခွဲ) ထံမှ သိရသည်။ တိုင်းနှင့်ပြည်နယ်အားလုံးသို့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(ယူနက်စကို) ကိုတင်ပြမည့် ဒြပ်မဲ့ယဉ်ကျေးမှုများ တင်ပြရန် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုင်ဦးစီးဌာနရုံးချုပ်မှ ညွှန်ကြားလာသဖြင့် တိုင်း အတွင်း...

ထားဝယ်လမ်းမီး GGSကုမ္ပဏီမပြင်ပေးက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် တိုင်နိုင်

ထားဝယ်ခရိုင်အတွင်း ပျက်နေသည့် လမ်းမီးများကို GGS ကုမ္ပဏီက လာမပြင်ပေးပါက သက်ဆိုင်ရာမြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံးများထံ သွားရောက် တိုင်ကြားနိုင်ကြောင်း တနင်္သာရီတိုင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။ လမ်းမီးကြေးကောက်ခံနေသည့် လမ်းများတွင် မီးပျက်သည်ကို ကုမ္ပဏီ အား ဆက်သွယ်အကြောင်း ကြားသော်လည်း...

ထားဝယ်တွင် သင်္ဘောသားတစ်ဦး ရေနစ်သေဆုံး

ထားဝယ်မြို့ ဆိပ်ကမ်းတွင် ရပ် နားထားသည့် သင်္ဘောပေါ်မှ သင်္ဘော သားတစ်ဦး ဇွန်လ ၂၁ ရက်က ရေနစ် သေဆုံးခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနား လမ်းရှိ ဦးကျောက်စိမ်းတံတားတွင် ဆိုက်ကပ်ထားသည့်...

အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့်သည်ဆိုသည့်အမှု ဆေးစစ်ထားဟုဆို

ထားဝယ်မြို့တွင် အသက် ၁၄ နှစ် အရွယ်ရှိ မိန်းကလေးငယ်အား မုဒိမ်း ကျင့်သည်ဆိုသည့် ကိစ်္စနှင့်ပတ်သက်၍ ဆရာဝန်ထံတွင် ဆေးစစ်ထားကြောင်း ထားဝယ်မြို့မရဲစခန်းမှူးက ပြောသည်။ ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်တွင် ဇွန်လ ၁၅ ရက်နေ့ နံနက် ၅ နာရီခွဲခန့်က အသက်...

မိဘမဲ့နှင့် ချို့တဲ့သူများ နေထိုင် ပညာသင်နိုင်မည့် လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း လာမည့်နှစ် ကျောင်းသား စလက်ခံမည်

ထားဝယ်မြို့၊ ကြက်စားပြင်ရပ်တွင် ဆောက်လုပ်နေသည့် နယ်စပ်ဒေသတိုင်း ရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းတွင်  လာမည့်နှစ်တွင် ကျောင်းသားစတင်လက်ခံမည်ဖြစ်ကြောင်း  တနင်္သာရီတိုင်းဒေသကြီး နယ်စပ်ရေးရာ ၀န်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးထံမှ သိရသည်။ မြေဧရိယာ ၃ ဒသမ ၈၈၃ ဧကပေါ် တွင် နှစ်ထပ်ဆောင်...

ကွန်ပျူတာတက္ကသိုလ် ထုတ်ကုန်ပြပွဲအတွက် ကုန်ကျစရိတ် ပိုသုံးခွင့်ပြု

ကွန်ပျူတာတက္ကသိုလ်(ထားဝယ်) ထုတ်ကုန်ပြပွဲတွင် ပါဝင်ပြသမည့် ထုတ်ကုန်များ တီထွင်ရာတွင်  ကုန်ကျမည့် စရိတ်ကို ယခင်နှစ်ကထက် ပိုမိုသုံးစွဲခွင့် ပြုထားကြောင်း ယင်းတက္ကသိုလ်ထံမှ သိရသည်။ ကျောင်းသား၊ ကျောင်းသူ တစ်ဖွဲ့ချင်း အလိုက် ကုန်ကျမည့် ကုန်ကျစရိတ်ကို ယမန်နှစ်က ကျပ်သောင်းဂဏန်းဝန်းကျင် သာ ရှိသော်လည်း ယခုနှစ်တွင်...

ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂ ဆဲဗင်းဇူလိုင်တွင် တာဝန်လွှဲမည်

ဇွန်လ ၂၀ ရက်က ပြုလုပ်သည့် ရွေးကောက်ပွဲအရ တက်လာသည့် ထားဝယ် ခရိုင်ကျောင်းသားများသမဂ္ဂ အလုပ်အမှု ဆောင်အဖွဲ့ကို ဇူလိုင်လ ၇ ရက်တွင် တာဝန်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ယင်း ကျောင်းသားများသမဂ္ဂထံမှ သိရသည်။ လက်ရှိတာဝန်ထမ်းဆောင်နေသည့် ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂအလုပ်အမှုဆောင်အဖွဲ့သည် ဇူလိုင်လတွင် တာဝန်ကုန်ဆုံးမည်ဖြစ်သည်။

ထားဝယ်အသင်း ဗိုလ်လုပွဲတက်

အသက် ၁၇ နှစ်အောက် မြို့နယ် ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ထားဝယ်အသင်း ဗိုလ်လုပွဲသို့ တက်ရောက်သွား ပြီဖြစ်သည်။ ဇွန်လ ၂၂ ရက်က ကျင်းပသည့် အကြိုဗိုလ်လုပွဲတွင် ကော့သောင်းမြို့နယ်အသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ရငဲဘောလုံးပွဲ ဗိုလ်စွဲသည့်အသင်းကို ကျပ်ရှစ်သိန်းဆုချမည်

ဇူလိုင်လကုန်ပိုင်းတွင် ကျင်းပမည့် သရက်ချောင်းမြို့နယ်ရှိ ရငဲကျေးရွာ အုပ်ချုပ်ရေးမှူးဖလား ကျေးရွာပေါင်းစုံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲသည့် အသင်းအား ဆုငွေ ကျပ်ရှစ်သိန်း ချီးမြှင့် မည်ဖြစ်ကြောင်း ယင်းကျေးရွာအုပ်ချုပ် ရေးမှူးထံမှ သိရသည်။ တနင်္သာရီတိုင်းအတွင်း မြို့နယ် အဆင့်နှင့် ခရိုင်အဆင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျင်းပသည့် ဘောလုံးပြိုင်ပွဲများတွင်မူ ပထမဆုကို...

ဟိန္ဒားသတ္တုမိုင်း သက်တမ်းတိုးမည့် ကိစ္စ တတိယအဖွဲ့အစည်း၏ အကြံပြုချက်အတိုင်း လုပ်ဆောင်ပြီးမှသာ လုပ်ခွင့်ပြုရန် တိုင်းအစိုးရ မှတ်ချက်ပေး

ဟိန္ဒားသတ္တုတွင်းတွင် ထုတ်လုပ် ခွင့်ပြုထားသည့် မြန်မာပွန်ပီပက်ကုမ္ပဏီ၏ ထုတ်လုပ်ခွင့်သက်တမ်းတိုးမည့်ကိစ္စနှင့် ပတ်သက်၍ တတိယအဖွဲ့အစည်း၏ အကြံပြုချက်အတိုင်း ကုမ္ပဏီကလုပ် ဆောင်ပြီးမှသာ ခွင့်ပြုသင့်ကြောင်း တိုင်း အစိုးရက ပြည်ထောင်စုအစိုးရထံ သဘောထား မှတ်ချက်ပေးခဲ့သည်ဟု တနင်္သာရီ တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင် ထိမ်းသိန်းရေးဝန်ကြီး ဦးလှထွေးက ဆိုသည်။