video

မြစ်ဖျား‌ရေကို လှမ်းမျှော်ခြင်း

‘ထားဝယ်စကားဆိုတာ တစ်ကယ်တော့ အသံပြောင်းနေတဲ့ မြန်မာစကားတွေပါကွာ’ ဟု အလွယ်ပြောခဲ့သူများအား မြန်မာစကားတွင် လုံးဝမရှိခဲ့သော ထားဝယ်အသံများအကြောင်း ပြောပြချင်သည်။ လာနားထောင်လှည့်ပါ။ ထားဝယ်လူမျိုးများတွင် ကိုယ်ပိုင်ဘာသာစကားရှိသည်။ ရှိခဲ့သည်။ ဆက်ရှိနေရန်မှာ မျိုးဆက်သစ် ထားဝယ်သားများ၏ တာဝန်ဖြစ်သည်။
video

ထားဝယ်ဒေသက ပွာကညော

အရှေ့တောလို့ခေါ်တဲ့ ထားဝယ်ဒေသ အရှေ့ဘက်မှာ နေကြတဲ့ပွာကညောဆိုတဲ့ လူမျိုးတွေအကြောင်း ဒီအပတ်ရဲ့ ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာတင်ဆက်ပေးလိုက်ပါတယ်။ ဒီလူမျိုးတွေက ထားဝယ်အရှေ့ဘက်သာ မဟုတ်ပါဘူး။ တနင်္သာရီရိုးမတစ်လျှောက်လုံးကနေ မြောက်ဘက် ရှမ်းပြည်အထိ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးရိုးမမှာလည်းတွေ့ရပါတယ်။
video

ထားဝယ်မြို့ကို ဘယ်လိုတည်ခဲ့တာလဲ

မြို့စား မင်းနဲလှ သာဂရမြို့မှ ပြောင်းရွှေ့ပြီး ထားဝယ်မြစ်အရှေ့ဘက်ခြမ်းမှာ ထားဝယ်မြို့ကို သာယာဝတီဆိုတဲ့ မြို့အမည်နဲ့ တည်ခဲ့တာပါ။ ထားဝယ်မြို့ကို သာယာဝတီဆိုတဲ့ အမည်နဲ့ ဘာကြောင့် တည်ခဲ့တာပါလဲ။ အဲဒီကနေ ထားဝယ်ဆိုတဲ့အမည်နဲ့ ဘယ်လိုရှင်သန်လာခဲ့တာလဲဆိုတဲ့အကြောင်း တင်ဆက်ပေးထားပါတယ်။ Dawei...
video

‘ပူလယက္ခနှင့် မိမ္မမြို့’

‘ပူလယက္ခ’ ‘မိမ္မမြို့’ ဆိုတာကို မသိရင် တနင်္သာရီတိုင်းသား မမည်သေးပါဘူးလို့ ပြောကြတယ်။ Dawei Watch ပရိသတ်တွေကော သိကြလား…….. Dawei Watch မီဒီယာကနေ စီစဉ်တင်ဆက်နေတဲ့ ဒီတစ်ပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ...
video

မြိတ်မြို့မှ သင်္ချိုင်းစာနှင့် ဆင်မြူရယ်ဝှိုက်

၁၉၇၇ ခုနှစ် ဆရာကြီးမြသန်းတင့်တို့ မြိတ်ကိုရောက်စဉ် ကမ်းနားလမ်းမှ ပန်းခြံလေး၏ ထောင့်တစ်နေရာတွင် မေရီပိုဗေး၏ သင်္ချိုင်းစာက သောက်ရေအိုးစင်၏ အောက်ခံခုံလေးအဖြစ်ကို ရောက်ရှိနေပြီဖြစ်သည်။ တနင်္သာရီတိုင်း၏ ရှေးဟောင်းသမိုင်းနေရာများနှင့် တန်ဖိုးထားမြတ်နိုးဖွယ် ရိုးရာဓလေ့များအကြောင်းကို Dawei Watch မီဒီယာက...
video

ယောနဲ့ ထားဝယ်က ဆွေမျိုးတွေလား………

ထားဝယ်သားတွေကို ယောနယ်သားတွေနဲ့ မှားလေ့ရှိကြပါတယ်။ ဘာကြောင့် ဒီလိုဖြစ်တာပါလဲ။ ယောစကားအချို့နဲ့ ထားဝယ်စကားအချို့ တူနေတာကလည်း စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။ Dawei Watch ပရိသတ်တွေကကော ဘယ်လိုထင်ပါသလဲ။ ယောနယ်ကလားလို့ အမေးခံရတာမျိုးကော ကြုံဖူးကြပါသလား။
video

ထားဝယ်ဒေသမှ ရှေးဟောင်းမြေဆေးတံ

ထားဝယ်မြစ်ကမ်းတစ်လျှောက် သဲကျောက်လုပ်ငန်း လုပ်သည့်လုပ်သားများမှာ မြေဆေးတံများ မကြာခဏရလေ့ရှိသည်။ မြေဆေးတံမှာသဲများနှင့် ပွတ်တိုက်ဒဏ် အကြိမ်ကြိမ်ခံထားရမှုကြောင့် ပြောင်ချောချောဖြစ်နေသည်။ ထားဝယ်ဒေသတွင် တွေ့ရသည့် စိတ်ဝင်စားဖွယ် ရှေဟောင်းဆေးတံအကြောင်းကို ယခုအပတ် ‘ဓေလ့ သမိုင်း’ အစီအစဉ်တွင် တင်ဆက်လိုက်ပါသည်။
video

တနင်္သာရီ သမိုင်းသစ် ရေးရအောင်

ရှေးခေတ်အုပ်ချုပ်ပုံအရ ကိုယ့်ဒေသကိုယ်အုပ်ချုပ်တာ ဖြစ်ပါတယ်။ တနင်္သာရီမှာ တနင်္သာရီမင်း၊ ထားဝယ်မှာ ထားဝယ်မင်း ဆိုပြီးရှိပါတယ်။ မြို့ပြနိုင်ငံတွေဖြစ်ပါတယ်။ တနင်္သာရီတိုင်းအကြောင်း သမိုင်းအထောက်အထားတွေနဲ့ တင်ပြထားတဲ့ ‘တနင်္သာရီ သမိုင်းသစ် ရေးရအောင်’ ဆောင်းပါးကို ယခုအပတ် ‘ဓလေ့ သမိုင်း’...
video

အလွန်ရှေးကျတဲ့ သာဂရမြို့ဟောင်း

သာဂရမြို့ဟောင်းရဲ့ သက်တမ်းက အေဒီ ၈ ရာစုထက်စောနိုင်တဲ့ အထောက်အထားတွေ အများကြီးရှိနေပါတယ်။ သာဂရမြို့ဟောင်းနဲ့ ပတ်သက်တဲ့ လေ့လာတွေ့ရှိချက်တွေကို တင်ဆက်ပေးလိုက်ပါတယ်။
video

လောင်းလုံးမြို့နယ်ထဲက သာဂရမြို့ဟောင်း

ဆရာကြီးဒေါက်တာသန်းထွန်းက ထားဝယ်(သာဂရ)မြို့ရိုးတွေကို လေ့လာကြည့်ရင် အခြားမြို့တွေနဲ့ ပြောင်းပြန်ဖြစ်နေတယ်။ သာဂရမြို့ဟောင်းရဲ့ အပြင်မြို့ရိုးတွေက အတွင်းမြို့ရိုးထက်ပိုရှေးကျတယ် လိုဆိုပါတယ်။ စိတ်ဝင်စားဖွယ် အချက်အလက်များစွာကို ဖော်ထုတ်တင်ပြထားတဲ့ သာဂရမြို့ဟောင်း အကြောင်းကို တင်ဆက်လိုက်ပါတယ်။