ကျွန်းစုတွင် လေပြင်းကြောင့် နေအိမ်ငါးလုံးပျက်စီး

အားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်သဖြင့် ကျွန်းစုမြို့နယ်၊ သဲချောင်း ကျေးရွာအုပ်စု၊ ဝဲကျွန်းကျေးရွာတွင် နေအိမ်ငါးလုံးပျက်စီးကြောင်း မြိတ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနထံက သိရသည်။ လူနေအိမ် ငါးလုံးမှာ အမိုးအကာပျက်စီးခြင်း၊ နေအိမ်အနောက်ခန်းပြိုကျခြင်း၊ ဝရန်တာပြိုကျခြင်း စသဖြင့်...

မိုးကြောင့် ဆားလုပ်ငန်းများ ရပ်ထားရပြန်ပြီဟုဆို

အားကောင်းသည့် မုန်တိုင်းငယ်ကြောင့် မိုးရွာနေသဖြင့် တနင်္သာရီတိုင်းတွင် ဆားထုတ်လုပ်မှု ရပ်နားထားရ ပြန်ပြီဖြစ်ကြောင်း ဆားလုပ်ငန်းရှင်အချို့က ပြောသည်။ ဖေဖော်ဝါရီလတွင်လည်း ရာသီဖျက်မိုးရွာသွန်းမှုကြောင့် ဆားအထွက်လျော့ခဲ့ပြီး လက်ရှိတွင်လည်း မုန်တိုင်းကြောင့် မိုးရွာသွန်းသဖြင့် လုပ်ငန်းများ ထပ်မံရပ်နားထားရခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်အချို့က ပြောသည်။

တနင်္သာရီတိုင်းအနီး ဗဟိုပြုနေသည့် မုန်တိုင်းငယ်အရှိန်ကြောင့် မြို့နယ်အချို့တွင် မိုးရွာ

မုန်တိုင်းငယ်တစ်လုံးသည် တနင်္သာရီတိုင်း ထားဝယ်မြို့နှင့် ကော့သောင်းမြို့အနီး ပင်လယ်ပြင်တွင် ဗဟိုပြုတိုက်ခတ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယင်းမုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းအတွင်းက ထားဝယ်၊ ရေဖြူ၊ ပုလော၊ သရက်ချောင်း၊ လောင်းလုံး အပါအဝင် မြို့နယ်အချို့တွင် မိုးရွာသွန်းကြောင်း...

တနင်္သာရီတိုင်းတွင် မိုးထပ်ရွာမည်၊ မိုးကြိုးအန္တရာယ်သတိထားရန် မိုးဇလသတိပေး

အရှေ့ဘက်မှ ‌ရွေ့လျားလာသည့် လေပွေလှိုင်းကြောင့် တနင်္သာရီတိုင်းတွင် မိုးထပ်ရွာမည်ဖြစ်ပြီး မိုးကြိုးအန္တရာယ် သတိထားရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။ ဖေဖော်ဝါရီလ ၂၆ ရက်မှ ၂၈ ရက်နေ့အတွင်း တနင်္သာရီတိုင်းတွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည် ဖြစ်ကြောင်း...
ဆားလုပ်ငန်းတစ်နေရာ

ထားဝယ်တွင် ဖျက်မိုးကြောင့် ဆားအထွက်လျော့

ထားဝယ်တွင် အချိန်အခါမဟုတ် ရွာသွန်းသည့် ရာသီဖျက်မိုးကြောင့် ဆားအထွက်လျော့သွားကြောင်း ဆားလုပ်ငန်းရှင်အချို့က ပြောသည်။ မိုးကြောင့် ဆားကွင်းအတွင်း မိုးရေများပြည့်နေသဖြင့် ဆားချက်၍ မရဘဲ လုပ်ငန်းရပ်နားထားသည်မှာ တစ်ပတ်ကျော်လာပြီဖြစ်ကြောင်း ပြင်ကြီးကျွန်းတွင် ဆားကွင်း ဧက ၂၁၀ ခန့်ရှိသည့်...

တနင်္သာရီတိုင်းတွင် ယနေ့ နေရာအနှံ့ မိုးထစ်ချုန်းရွာမည်၊ မြိတ်တွင် ရွာနေပြီ

တနင်္သာရီတိုင်းအတွင်း ယနေ့ (ဖေဖော်ဝါရီ ၁၄) နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ထိုကဲ့သို့ နေရာအနှံ့ မိုးထစ်ချုန်းရွာမည့်အခြေအနေမှာ ရှစ်ဆယ်ရာခိုင်းနှုန်းရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လာမည့်နှစ်ရက်အတွင်းတွင်လည်း...

ကော့သောင်းတွင် ရေငန်ပုစွန်မွေးရန် ဒီရေတောလျှောက်ထားမှု ရွာသားများကန့်ကွက်

ကော့သောင်းမြို့နယ် စူငယ်ဘာလိုင်းကျေးရွာအုပ်စုတွင် ရေငန်ပုစွန်မွေးမြူရန် ဒီရေတော လျှောက်ထားမှုကို ရွာသားများက ကန့်ကွက်စာ ပေးပို့လိုက်ကြောင်း ဒေသခံများနှင့် ဦးဆောင်သူများထံမှ သိရသည်။ စူငယ်ဘာလိုင်းကျေးရွာအုပ်စု ဧရိယာအတွင်းရှိ ဒီရေတော ၆၀၆ ဧကအား ရေငန်ပုစွန်မွေးရန် Golden Panda...

ပင်လယ်ရေ မြင့်တက်မှုကြောင့် ဆားထုတ်လုပ်မှုစရိတ် ပိုကြီး

ပင်လယ်ရေမျက်နှာပြင် ဒီရေမြင့်တက်လာမှုကြောင့် ထားဝယ်ခရိုင် ဆားလုပ်ငန်းတွင် ဆားထုတ်လုပ်မှု ကုန်ကျစရိတ် ပိုမိုကုန်ကျကြောင်း ဆားလုပ်ငန်းရှင်းအချို့က ပြောသည်။ ယခုနှစ်တွင် ပင်လယ်ရေမျက်နှာပြင် ၆ လက်မခန့် မြင့်တက်နေသဖြင့် တာဘောင်များကို မြေထပ်မံဖို့ကာ ခိုင်ခံ့အောင် ပြုလုပ်ရကြောင်း၊ ထို့ကြောင့်...

ပါချန်မြစ်ဘေး ဒီရေတောအပင် ငါးရာခန့် ပိုစိုက်

ထိုင်း-မြန်မာနယ်စပ် ပါချန်မြစ်ဘေးရှိ ဒေသအခေါ် ဝဲကြီး ဝဲငယ်ကျေးရွာ(အောင်မေတ္တာကျေးရွာ)တွင် ယမန်နှစ်ထက် ဒီရေတောအပင် ငါးရာခန့် ပိုမိုစိုက်ပျိုးခဲ့ကြောင်း ပါချန်မြစ်ထိန်းသိမ်းစောင့်ကြည့်ရေးနှင့် မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်က အထိမ်းအမှတ်နေ့များတွင်သာ...

တနင်္သာရီတိုင်းတွင် ယခုလကုန်အထိ မိုးကြီးနိုင်ဟု မိုး/ဇလ ပြော

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းတွင် အောက်တိုဘာလကုန်အထိ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ)ထံမှ သိရသည်။ လတ်တလော မိုးကြီးနေရခြင်းမှာ ဗီယက်နမ်နိုင်ငံအထက်ပိုင်းကို ဖြတ်သန်းတိုက်ခတ်သွားသည့် အပူပိုင်းမုန်တိုင်း ‘ကွန်(မ်)ပစု’ ၏...