တနင်္သာရီတိုင်းတွင် မိုးဆက်နည်းမည်၊ လယ်သမားများ မိုးမျှော်

ဇွန်လနောက်ဆုံးပတ်တွင်လည်း တနင်္သာရီတိုင်းတွင် မိုးရွာသွန်းမူ ဆက်လက်နည်းပါနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇွန် ၂၁) ထုတ်ပြန်လိုက်သည်။ ဇွန်လ ၂၁ ရက်မှ ၃၀ ရက်အတွင်း တနင်္သာရီတိုင်းတွင် မိုးသွန်းမည့်အ‌ခြေအနေမှာ ပုံမှန်မိုးရွာသွန်းနေသည်ထက် လျော့နည်းနိုင်ကြောင်း...

မြိတ်ငါးလေလံဈေးစီမံကိန်းလုပ်ရန် ဒီရေတောများရှင်းနေသဖြင့် ဒေသခံများ အခက်တွေ့

မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ကွမ်းသီးချောင်းကျေးရွာတွင် အကောင်အထည်ဖေါ်ဆောင်ရွက်နေသည့် ငါးလေလံဈေးစီမံကိန်းကြောင့် ဒီရေတောအမှီပြုလုပ်ကိုင်သည့် လုပ်ငန်းများထိခိုက်ရကြောင်း ယင်းကျေးရွာနေသူတို့ထံမှ သိရသည်။ အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ရင်းနှီးမြှုပ်နှံမည့် ငါးလေလံဈေးကြီးစီမံကိန်းအား မြေဧရိယာဧက ၂၀၀၀ ကျော် ပေါ်တွင် ဆောင်ရွက်မည်ဖြစ်ပြီး...

ဆင်ကိုးရပ်ရေတံခွန်တွင် မိန်းကလေးငယ်တစ်ဦး ရေနစ်သေဆုံး

ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ ဆင်ကိုးရပ်ရေတံခွန်တွင် အသက် ၁၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သေဆုံးသူမှာ အခြားဒေသတစ်ခုမှ ကံပေါက်ကျေးရွာအနီးရှိ ကန့်ကော်တောင် ကျေးရွာအုပ်စု ဆယ်အိမ်စုရွာရှိ ရာဘာခြံတစ်ခုတွင် လာရောက်အလုပ်လုပ်ကိုင်နေသူ မပပအောင်ဆိုသူဖြစ်ကြောင်း...

စပါးပျိုးသွားပို့သော လှေနစ်မြုပ်၊ အမျိုးသမီးတစ်ဦးသေပြီး တစ်ဦးပျောက်ဆုံး

လောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာတွင် ယမန်နေ့(ဇွန် ၁၀)နံနက် ကိုးနာရီ ကျော်ဝန်းကျင်ခန့်က စပါးပျိုးနှင့် ဓာတ်မြေဩဇာ တင်ဆောင်လာသော စက်လှေနစ်မြုပ်သဖြင့် လှေပေါ်ပါ အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦးမှာလည်း ပျောက်ဆုံးနေကြောင်း သိရသည်။ သကျက်တောအော်ပြင်တွင်ရှိသော လယ်ထဲသို့ စပါးပျိုးနှင့် ဓာတ်မြေဩဇာသွားရောက်...

မိုးကြောင့် ဆားကွင်းများ တစ်လစော၍ရပ်နားရပြီး ဆားဈေးတက်

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ယခုနှစ် ဆားအထွက်နှုန်းလျော့ကျပြီးနောက် ဆားဈေးမှာ တစ်ပိဿာ ကျပ်တစ်ရာကျော် ဈေးမြင့်တက်နေကြောင်း ဆားလုပ်ငန်းရှင်အချို့နှင့် ဆားဈေးကွက်အတွင်းမှ သိရသည်။ ပြီးခဲ့သည့်နှစ်ကဲ့သို့ပင် ရာသီဖျက်မိုးကြောင့် ဆားအထွက်လျော့ကျခဲ့ပြီး ဆားထုတ်လုပ်ချိန် တစ်လခန့် စော၍ လုပ်ငန်းရပ်နားလိုက်ရကြောင်း ဆားလုပ်ငန်းရှင်အချို့က...

တနင်္သာရီတိုင်းတွင် ရေကြီး၊ မြေပြိုခြင်းများဖြစ်နိုင်ကြောင်း မိုးဇလသတိပေး

တနင်္သာရီနှင့် မွန်အပါအဝင် တိုင်းနှင့်ပြည်နယ် ခုနစ်ခုတွင် ရေကြီခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် သတိထားနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့ (မေ ၂၂) သတိပေးချက် ထုတ်ပြန်ထားသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အတွင်း မုတ်သုံလေ အားအလွန်ကောင်းနေသဖြင့် မေ...

တနင်္သာရီတိုင်းတွင် မေလ ၁၃ ရက်နေ့အထိ မိုးထစ်ချုန်းရွာမည်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် တနင်္သာရီတိုင်းတွင် မေလ ၁၃ ရက်နေ့အထိ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အာစန်နီအမည်ရှိ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းမှာ မြန်မာနိုင်ငံဘက်ကို...

စိုက်ပျိုးစရိတ်ကြီးသဖြင့် လယ်သမားများ မိုးစပါးစိုက်ရန်အခက်ကြုံ

စိုက်ပျိုးစရိတ် ကြီးမြင့်သဖြင့် မြိတ်ခရိုင်အတွင်း ယခုနှစ်မိုးစပါးစိုက်ပျိုးရန် လယ်သမားများ အခက်ကြုံနေရကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်က လယ်တစ်ဧကလျှင် လယ်ထွန်စက် ငှါးရမ်းခ တစ်သောင်းရှစ်ထောင်ကျပ်ရှိခဲ့ရာမှ ယခုနှစ်မိုးရာသီလယ်လုပ်ချိန်တွင် သုံးသောင်းဝန်းကျင် ခန့်ရှိနေသည်။ အလားတူ...

မြိတ်နှင့် ကော့သောင်းတွင် လေပြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ပျက်စီး

မြိတ်မြို့နယ်နှင့် ကော့သောင်းမြို့တို့တွင် လေပြင်းတိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ ပြင်ကြီးကျေးရွာတွင် ဧပြီလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က လေပြင်းတိုက်သဖြင့် ဘုန်းတော်ကြီးကျောင်းတစ်ဆောင် အပါအဝင်...

အနီရောင်အဆင့် မုန်တိုင်းကြောင့် ကျွန်းစု-မြိတ် အမြန်ရေယာဉ်များ ခေတ္တရပ်နား

ကျွန်းစုနှင့် မြိတ်သို့ပြေးဆွဲနေသည့် အမြန်ရေယာဉ်နှင့် ကုန်တင်ရေယာဉ်များ လက်ရှိဖြစ်ပေါ်နေသည့် အနီရောင်အဆင့် မုန်တိုင်းကြောင့် ယနေ့ (မတ် ၂၂) မှ စတင်ကာ ခေတ္တရပ်နားထားရကြောင်း အမြန်ရေယာဉ်ပိုင်ရှင်နှင့် ခရီးသွားပြည်သူများထံမှ သိရသည်။ ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ နေ့စဉ်ပြေးဆွဲနေသည့်...