ထားဝယ်တွင် တောင်တက် စက်ဘီးဝယ်ယူသူပိုများလာ

ထားဝယ်တွင် တောင်တက်စက်ဘီး ဝယ်ယူသူ ယမန်နှစ်ထက် ပိုများလာကြောင်း ထားဝယ်မြို့ရှိ စက်ဘီးအရောင်း ဆိုင်အချို့ထံမှ သိရှိရသည်။ စက်ဘီးပြိုင်ပွဲများ မကြာခဏကျင်းပလာသည့်အတွက် ယင်းသို့များလာခြင်း ဖြစ်နိုင်ကြောင်း ထားဝယ်မြို့ မြောင်းပုလဲရပ်၊ အလယ်လမ်းရှိ စက်ဘီးဆိုင်ပိုင်ရှင် ကိုအောင်ချမ်းက...

ကိုဗစ်ဂယက်ကြောင့် ဆံသလုပ်ငန်း ဝင်ငွေ ထက်ဝက်ကျဆင်း

ကိုရိုနာရောဂါဂယက်ကြောင့် အခြားစီးပွားရေးလုပ်ငန်းများ ထိခိုက်နေချိန်တွင် ထားဝယ်ဒေသရှိ ဆံသဆိုင်လုပ်ငန်းများလည်း ပါဝင်သည်။ ကိုရိုနာဂယက်မတိုင်မီကတစ်ရက်လျှင် ဆံပင်လာညှပ်သူဦးရေ ၃၀ ခန့်ရှိရာမှ လက်ရှိတွင် ၁၀ ဦးကျော်သာရှိတော့ကြောင်း ထားဝယ်မြို့ဝဲကျွန်းရပ်ကွက် ဇမ္ဗူဆံသဆိုင်မှ ကိုမျိုးမင်းလွင်က ဆိုသည်။

စကိုင်းနက် စက်လေးမျိုး အခမဲ့ လဲပေးမည်

လက်ရှိ စကိုင်းနက် စလောင်းသုံးစွဲ သူများ အသုံးပြုနေဆဲဖြစ်သည့် NL-S3560၊ NL-S3610၊ SN-8218၊ S2-8600 (Set Top Box) စကိုင်းနက် စလောင်းစက် အမျိုးအစားလေးမျိုးကို အရည်အသွေးမြင့် HD စက်များဖြင့် အခမဲ့ အစားထိုး လဲပေးမည်...

အသေးစားနှင့် လက်လုပ်လက်စား သတ္တုလုပ်ကွက်လျှောက်ထားမှု မြိတ်ခရိုင်တွင် အများဆုံး

တနင်္သာရီတိုင်းဒေသကြီး သတ္တုလုပ်ကွက် စိစစ်ချထားပေးရေးအဖွဲ့ထံ လျှောက်ထားလာသည့် အသေးစားနှင့် လက်လုပ်လက်စား သတ္တုလုပ်ကွက်များအနက် မြိတ်ခရိုင်တွင် အများဆုံးဖြစ်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။ မြိတ်ခရိုင်တွင် လုပ်ကွက် ၆၃ ကွက်၊ ထားဝယ်ခရိုင်တွင် ၁၉ ကွက်နှင့် ကော့သောင်းခရိုင်တွင် ၃ ကွက်လျှောက်ထားကြောင်း ယင်းအဖွဲ့၏ စာရင်းများအရ...

ရော်ဘာ၊ ကွမ်းသီးနှင့် သီဟိုစိုက်တောင်သူများ ထုတ်လုပ်မှုစရိတ် ချေးငွေ လျှောက်နိုင်

တိုင်းအတွင်းရှိ ရော်ဘာ၊ ကွမ်းသီးနှင့် သီဟိုစိုက်တောင်သူများ ထုတ်လုပ်မှုစရိတ်ချေးငွေ ချေးယူလိုပါက သက်ဆိုင်ရာ မြို့နယ်ဘဏ်ခွဲများတွင် လျှောက်ထားနိုင်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ (တနင်္သာရီတိုင်းဘဏ်ခွဲ)တိုင်း မန်နေဂျာ ဒေါ်လဲ့လဲ့သန်းဌေးက ပြောသည်။ သီးနှံထုတ်လုပ်နေပြီဖြစ်သည့် ရော်ဘာ၊ ကွမ်းသီးနှင့် သီဟိုစိုက်တောင်သူများကို တစ်ဧကလျှင် ငွေကျပ်တစ်သိန်း နှုန်းဖြင့် တောင်သူတစ်ဦးလျှင် ဆယ်ဧကအထိ...

တီလားဗီးယားငါးသားပေါက် ဖောက်လုပ်မှုနှင့် ၀ယ်လိုအား မမျှ

တီလားဗီးယားငါးမွေးမြူသူ တစ် နှစ်ထက်တစ်နှစ် များပြားလာသောကြောင့် ထုတ်လုပ်နိုင်သည့် ငါးသားပေါက်ကောင်ရေနှင့် ၀ယ်လိုအား မမျှဘဲဖြစ်နေကြောင်း ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာ တစ်နိုင်တစ်ပိုင်ငါးသားဖောက်စခန်းတွင် ငါးသားဖောက် လုပ်ငန်းလုပ်ကိုင်သူ ဦးဇော်လွင်က ပြောသည်။ တီလားဗီးယား ငါးမွေးမြူရေး လုပ်ငန်းကို စိတ်ဝင်စားသူ တစ်နှစ်ထက် တစ်နှစ်မြင့်တက်လာသည့်အတွက် ငါးသားပေါက် လိုအပ်ချက်လည်း...

ထားဝယ်ကမ်းနားဈေး ည ၇ နာရီအထိသာ ရောင်းရမည်

ဖေဖော်ဝါရီလ ၈ ရက်တွင် စဖွင့်မည့် ထားဝယ်ကမ်းနားဈေးရုံအသစ်တွင် ည ၇ နာရီအထိသာ ရောင်းချရန် လွှတ်တော် နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ သဘောတူခဲ့ကြသည်။ ကမ်းနားဈေးနှင့် ပတ်သက်၍ ဇန်နဝါရီလ ၂၄ ရက် နံနက်ပိုင်းက ထားဝယ် မြို့နယ်စည်ပင်သာယာရေးကော်မတီကို တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်သို့ ခေါ်ယူဆွေးနွေးပြီးနောက် ယင်းကဲ့သို့...

ဝါး ရောင်းအား ထက်ဝက်ကျဆင်း

ထားဝယ်မြို့တွင် ဝါးရောင်းအား ထက်ဝက်နီးပါး ကျဆင်းလာကြောင်း ဝါးနှင့် ဝါးထွက်ပစ္စည်း ရောင်းချသူအချို့ ထံမှ သိရသည်။ ပြီးခဲ့သည့် ၂ နှစ်ခန့်က တစ်လလျှင် ဝါးအလုံးရေ ၃၀၀၀ ခန့် ရောင်းချရပြီး လက်ရှိတွင် အလုံးရေ...

ထားဝယ်တွင် တရားဝင် KTV အခန်းပေါင်း ငါးဆယ်ကျော်သာရှိ

ထားဝယ်ခရိုင်အတွင်း တရားဝင် လိုင်စင်ရှိသည့် ကာရာအိုကေ(KTV) အခန်းပေါင်း ငါးဆယ်ကျော်သာရှိကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ ထားဝယ်မြို့နယ်တွင် KTV ဆိုင် ၆ ဆိုင်မှ အခန်း နှစ်ဆယ်ကျော်နှင့် လောင်းလုံးမြို့နယ်တွင် ၆ ဆိုင်မှ အခန်း ပေါင်း ၃၀ နီးပါး ရှိကြောင်း...

သတ္တုလုပ်ကွက်စာရင်း ထုတ်ပြန်မှု စောင့်ကြည့်သူများ ကြိုဆို

တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တိုင်းအတွင်း သတ္တုလုပ်ကွက်စာရင်း ထုတ်ပြန်မှုသည် သတ္တုတရားမ၀င် တူးဖော် နေမှုများကို ထုတ်ဖော်လိုက်သကဲ့သို့ ဖြစ်နေသဖြင့် ကြိုဆိုကြောင်း သတ္တုတွင်း စောင့်ကြည့်ရေးအဖွဲ့ဝင်အချို့နှင့် သတ္တုတွင်း လေ့လာစောင့်ကြည့်သူတို့က ပြောကြသည်။ တိုင်းအတွင်း တရားဝင် သတ္တုတူးဖော်ခွင့် ရရှိထားသော လုပ်ကွက်များနှင့် ကုမ္ပဏီများ၊ ထုတ်လုပ်ခွင့်သက်တမ်းတို့ကို မြို့နယ်အလိုက် စာရင်းပြုစု၍...