အာဂျင်တီးနားရဲ့နေ့၊ မက်ဆီရဲ့နေ့ လာပြီ

0
4696

ကမ္ဘာ့ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဒီနေ့ကတော့ ကမ္ဘာ့ဖလားပွဲစဉ်တွေကို တဝကြီး ကြည့်ရှုခံစားရမယ့်နေ့ပါပဲ။

မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲကစပြီး နောက်တစ်နေ့မနက် ၁ နာရီခွဲအထိ ကမ္ဘာ့ဖလားပွဲစဉ်တွေ ကြည့်ရှုရမှာပါ။ ညနေ ၄ နာရီခွဲမှာ အားပြိုင်မယ့်ပွဲကတော့ အာဂျင်တီးနားနဲ့ ဆော်ဒီအာရေဗျတို့ ပွဲစဉ်ပါပဲ။

အဲ့ဒီပွဲစဉ်ပြီးရင် ည ၇ နာရီခွဲမှာ ဒိန်းမတ်နဲ့ တူနီးရှားတို့ရဲ့ပွဲစဉ် ရောက်ရှိလာမှာပါ။

ည ၁၀ နာရီခွဲအချိန်ကို ရောက်ရင်တော့ မက္ကဆီကိုနဲ့ ပိုလန်တို့ရဲ့ပွဲစဉ်ကို ကြည့်ရှုရပါလိမ့်မယ်။

မနက်ဖြန်မနက် ၁ နာရီခွဲအချိန်ကိုရောက်ရင်တော့ လက်ရှိချန်ပီယံ ပြင်သစ်နဲ့ ဩစတြေးလျတို့ရဲ့ပွဲစဉ် ရောက်ရှိလာပါလိမ့်မယ်။

Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။
https://youtu.be/jTfjeLNbGzw