သိချင်စိတ်ကို ဆွပေးခြင်း

0
737

ပြီးခဲ့သည့်အပတ်က မြိတ်မြို့ ၊ နောက်လယ် (၇) လမ်း၌ စာပေဟောပြော ပွဲတစ်ခု ကျင်းပခဲ့ပါသည်။ အဆိုပါ စာပေ ဟောပြောပွဲ၌ ဆရာမင်းကိုနိုင်၊ ထင်လင်းဦး၊ ညီမင်းညိုနှင့် အရိုးတို့ ဟောပြောခဲ့ပါသည်။၂၈-၄-၂၀၁၆တွင် ဆရာ မင်းကိုနိုင်နှင့် အရိုး၊ ၂၉-၄-၂၀၁၆ တွင် ဆရာထင်လင်းဦးနှင့် ညီမင်းညိုတို့ အသီးသီး ဟောပြောခဲ့ကြပါသည်။


ကြားဖြတ် အစီအစဉ် တစ်ခု အနေဖြင့်လည်း  ကန်စွန်းအင်း ကိုယ်ပိုင် အထက်တန်းကျောင်း၊ ကျောင်းအုပ် ဆရာမကြီးရဲ့ ဖိတ်ကြားမှုကြောင့် အဆိုပါ စာရေးဆရာများက ယင်း ကျောင်းတွင်လည်း ဟောပြော ခဲ့သည်။
အဆိုပါ ကျောင်းတွင်း စာပေ ဟောပြောပွဲတွင် ကျောင်းအုပ် ဆရာမ ကြီးနှင့် ခင်မင် ရင်းနှီးသော ကျွန်တော်က အခမ်းအနားမှူး တာဝန်ယူပေးရပါသည်။

soe_nge_article_3
ထိုကျောင်းတွင်း စာပေဟောပြောပွဲ တွင် ကျွန်တော် သိသိသာသာ သတိထား မိသော အချက်တစ်ချက်မှာ    ကျောင်းသား လေးတွေ မေးခွန်းထုတ်ဖို့ အင်မတန် ဝန် လေးခြင်းပင် ဖြစ်ပါသည်။ ကျွန်တော် တို့ဆီက ကျောင်းသားလေးတွေ မိမိတို့ ဆရာသမားအပေါ် ထားရှိသော ဂါရ၀ တရားမှာ အထူးပြောစရာ မရှိပါ။
ရှေးထုံးတမ်း စဉ်လာနှင့် လူကြီး မိဘတို့၏ ဆိုဆုံးမ စကားတို့ကြောင့် အနန္တော အနန္တဂိုဏ်းဝင်များ ဖြစ်ကြကုန် သော ဆရာသမား တို့ကို မိဘနှစ်ပါးနှင့် တန်းတူ ရိုသေလေးစား ကြပါသည်။အထူးသဖြင့် မြို့ပြယဉ်ကျေးမှု ပီပီပြင်ပြင်  မထွန်းကားသေးသော ကျေးလက်ဒေသ တွေမှာ ထိုဓလေ့ကို ယနေ့ထက်တိုင် တွေ့မြင်နိုင်ပါသည်။

 

ကျောင်းသားလေး တွေကို မဆိုထားနှင့်။ မိဘများ ပင်လျှင် မိမိတို့ သားသမီး၏ ဆရာ ဖြစ်သူ အိမ်သို့ အလည်အပတ် ရောက်ရှိလာပါက အိမ်ဦး ခန်း ဘုရားစင် ရှေ့တွင် တရိုတသေ နေရာပေးလေ့ ရှိပါသည်။ ထို့အပြင် ဆရာရှေ့က ဖြတ်လျှောက်တိုင်း မျက်လွှာ ချ၊ လက်ပိုက်၊ ခေါင်းငုံ့ပြီး အရိုအသေ ပေးခြင်းမှာ ကျွန်တော်တို့အတွက် ဘာမှ အပန်းကြီးသော ကိစ္စတစ်ခု မဟုတ်ပါ။ ကျွန်တော်ဆို အသက်က ငါးဆယ်နား ကပ်နေပြီ။ ယနေ့ထက်ထိ ငယ်ဆရာများ ရှေ့ ဆေးလိပ် မသောက်ဝံ့သေးပါ။ ကျွန်တော်တို့ မြန်မာလူမျိုးများသည် မိမိ ဆရာသမားများအပေါ် ယခုလို ဂါရ၀ တရား ထားရှိကြပါသည်။
သို့သော် ကျွန်တော်တို့ဆီက က လေးတွေ၏ အားနည်းချက် တစ်ခုမှာ စာသင်ခန်းအတွင်း ပြန်လည် မေးခွန်း မထုတ်ခြင်းပင် ဖြစ်ပါသည်။ ကျွန်တော် တို့ဆီက ကလေးအများစုမှာ မိမိတို့ ဆရာသမားများကို မေးရမြန်းရ အလွန် ဝန်လေးကြပါသည်။ ကျွန်တော်တို့ မျိုး  ဆက်တွေတုန်းကလည်း ဆရာသမား များကို မေးခွန်းထုတ်ရ ဝန်လေးခဲ့ကြ သလို ဒီဘက်ခေတ်မျိုးဆက်တွေလည်း ပြန်လည် မေးခွန်းမထုတ်ကြပါ။ အစဉ် အဆက် ကျွန်တော်တို့ လက်ခံခဲ့ကြသော တပည့်ကောင်း တစ်ယောက်၏ စံမှာ စာသင်ခန်းထဲ၌ ဆရာပြောသမျှ၊ ဆရာ သင်ပေးသမျှ ပြန်လည် မေးခွန်းမထုတ်ဘဲ တစ်ခုမကျန် နာယူမှတ်သားခြင်း ဖြစ်ပါ သည်။
ထိုကြောင့် ပြည်ပ၌ သွားရောက် ပညာသင်ကြားလျက်ရှိသော မြန်မာ ကျောင်းသားလေးများကို သူတို့ဆီက ဆရာတွေ ယခုလို မှတ်ချက်ပေးကြ ပါ သည်။” မြန်မာကျောင်းသားများသည် ဆရာ သင်ကြားပို့ချသမျှ မြေဝယ်မကျ နာယူမှတ်သားကြသည်၊ မည်သည့်အခါမှ မေးခွန်း ထုတ်ခြင်း ဆွေးနွေးခြင်းမရှိ ” ဟူလို။ ပြည်ပမှ ဆရာတွေ၏ မှတ်ချက် ကား ခေါက်ရိုးကျိုးနေသော မြန်မာ ကျောင်းသားလေးတွေ၏ စိတ်နေ စိတ်ထားနှင့် မြန်မာပြည် ပညာရေး စနစ်ကို မီးမောင်း ထိုးပြနေသလိုပင်။
သာဓက ဆောင်ပါမည်။ ကျွန်တော် တို့ အထက်တန်း ကျောင်းသား ဘ၀က မြန်မာစကားပြေမှာ ” သူရဲကောင်းလေး ယောက်”  အကြောင်း သင်ကြားရပါသည်။ ကျန်စစ်သား၊ ငထွေးရူး၊ ငလုံးလက်ဖယ် နှင့် ညောင်ဦးဖီးဟူသော သူရဲကောင်း လေးယောက်က ဂျွမ်းစစ်သည် လေးသိန်း ကို ချေမှုန်းနိုင်ခဲ့သော ဟူ၏။ ထိုသင်ခန်း စာကို သင်ကြားခဲ့ ရစဉ်က အတော်အတန် စဉ်းစား ဆင်ခြင်တတ်သော အရွယ်မို့ ကျွန်တော် မယုံကြည်ခဲ့ပါ။ ကျွန်တော့် လိုပင် သူငယ်ချင်းများလည်း မယုံကြည် ကြပါ။

ဂျွမ်းစစ်သည် လေးသိန်းကို လေး ယောက်တည်း ချေမှုန်းလိုက်ခြင်းမှာ ကျွန်တော်တို့အတွက် တရုတ်သိုင်းဝတ္ထု တစ်အုပ်ကို ဖတ်နေရသလို (သို့မဟုတ်)စိတ်ကူးယဉ် ပုံပြင် တစ်ပုဒ်ကို နားထောင် နေရသလိုပင်။ အကယ်၍ မျိုးချစ်စိတ် ထက်သန်အောင် တင်စားဖွဲ့နွဲ့ ရေးသားခဲ့ ခြင်းဆိုပါက သမိုင်းသည် ရသမြောက် အောင်၊ ဖတ်ကောင်းအောင် တင်စားရေး သားရသော စိတ်ကူးယဉ် ဝတ္ထုတစ်အုပ် မဟုတ်ကြောင်း သတိထားရ ပေလိမ့် မည်။
ထို့အပြင် ဦးကုလား၏ ” ဦးပေါင်း ကြားနှင့် မြင်းကြားရှင်” ကို သင်ကြားခဲ့ရ စဉ်ကလည်း လက်ပျဉ်းတော် ကျနေသော အလောင်းစည်သူမင်းကြီးကို သူ့စစ်သူ ကြီးလေးဦးက လက်ရ မဖမ်းဆီးနိုင်ဟု ဆိုရာ သိပ်တော့မယုံချင်လှပါ။ တိုက် ရည်ခိုက်ရည် ပြည့်ဝသော စစ်သူကြီး လေးဦးက လက်ပျဉ်းတော် ကျနေသော ရှင်ဘုရင်အိုကြီး တစ်ဦးတည်းကို လက်ရ မဖမ်းဆီးနိုင်ဟု ဆိုခြင်းမှာ ယုတ္တိ မတန် လှဟု ထင်မိပါသည်။ ဒါ တကယ်ရော ဟုတ်ပါ့မလား၊ စစ်သူကြီး လေးဦးက ဦးပေါင်းကြားနှင့် မြင်းကြားရှင်ကို သူတို့ ရှင်ဘုရင်မှန်းသိလို့ တမင်တကာ မိအောင် မဖမ်းခဲ့တာလားဟု ဆရာကို ပြန်လည် မေးမြန်းချင်ပေမယ့် မေးခွန်းထုတ်ရ ဝန်လေးသော မျိုးဆက်များပီပီ မိမိ သံသယကို အသာမြိုသိပ်ထားလိုက် ရပါသည်။ အကယ်၍ သိချင်စိတ်ကြောင့် စာသင်ခန်းထဲ ထမေးမြန်း မိပါက ” ဒီင ကြောင်…ဘာထကြောင် တာလဲ၊ ဆရာ သင်ပေးတဲ့အတိုင်း အလွတ်ကျက်ပြီး စာမေးပွဲမှာ ပါလာရင် ဒီအတိုင်းဖြေ လိုက်ပြီးရော” ဟု ထောမနာအပြုခံရမှာ သေချာသလောက်ပင်။ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရသော ခေတ်က ဆရာတွေ သင်ပေးသမျှ နားလည်လည် မလည် လည်၊ သဘော တူတူ မတူတူ အာဂုံ ဆောင်နိုင်မှ အာဂလူ ဖြစ်သော ခေတ်မို့ ကျွန်တော်သည်လည်း အများနည်းတူ မိုးခါးရေ သောက်ခဲ့ရ ပါသည်။
ထို့အပြင် အာဂုံဆောင်ရမည့် ဘာ သာရပ် မဟုတ်သော သင်္ချာလို အတွက် အချက် ဘာသာရပ်၌ တစ်ခါတရံ ဆရာ ရှင်းပြတာ သိပ်နားမလည်ပေမယ့် နောက်တစ်ခေါက် ထပ်ရှင်းပြပါဟု မ တောင်းဆိုရဲပါ။ ကျွန်တော့်လိုပင် နား လည်သလိုလို မလည်သလိုလို ဖြစ်နေ ကြသော ကျောင်းသားတချို့ ရှိကောင်း ရှိပေလိမ့်မည်။ သို့သော် ငတုံးဟု အပြော အဆို ခံရမှာစိုးလို့ တစ်ကြောင်း၊ ဆရာ့ ဆူပူကြိမ်းမောင်းမှုကို ခံရမှာစိုးလို့ တစ်ဖုံ မည်သူကမှ သူရဲကောင်း လုပ်ပြီး နောက် တစ်ခေါက် ထပ်ရှင်းပြပါဟု မတောင်းဆို ရဲကြပါ။ အကယ်၍ ဆရာက ” မရှင်း တာရှိရင် မေးပါ ” ဟု လမ်းဖွင့်ပေးလာ တာတောင် ကျွန်တော်တို့က ” အားလုံး ရှင်းပါတယ်ဆရာ” ဟု လိမ်ပြောကြဖို့ ဝန်မလေးပါ။ ထိုဆရာ အချိန်ပြီးမှ အတန်းထဲရှိ စာတော်သော သူငယ်ချင်း များထံ အကူအညီ တောင်းပြီး ပြန်လည် ရှင်းပြ ခိုင်းရပါသည်။ ထိုသို့ ကိုယ် တကယ် သိချင်တာကို မမေးရဲ၊ ကိုယ် နားမလည်တာကို နားမလည်ကြောင်း မပြောရဲဘဲ အချိန်တန်တော့ ဘွဲ့လေး တစ်ခု ရရှိခဲ့ပါသည်။
ယခုလည်း ကန်စွန်းအင်း ကိုယ်ပိုင် အထက်တန်းကျောင်း စာပေဟောပြောပွဲ တွင် ကျွန်တော်တို့လို မမေးရဲ၊ မပြောရဲ သော မျိုးဆက်သစ် လေးများကို တွေ့နေ ရပါသည်။ အဆိုပါ ကျောင်းတွင်း စာပေ ဟောပြောပွဲ၌ စာရေးဆရာတွေက အထက်တန်း ကျောင်းသားလေးတွေနှင့် လိုက်လျောညီထွေမည့် အကြောင်းအရာ လေးတွေကို ရွေးချယ် ပြောဆို ကြပါ သည်။ သူတို့ ပေးချင်သော မက်ဆေ့ခ်ျ ကို ကလေးတွေ ရရှိအောင် ဟာသ နှော ပြီး ပေါ့ပေါ့ပါးပါး ပြောဆိုကြပါ သည်။ အထူးသဖြင့် ဆရာ ထင်လင်းဦးနှင့် ဆရာညီမင်းညိုတို့နှစ်ဦးမှာ ကျောင်း ဆရာတွေပီပီ ကလေးတွေ၏ အထာကို နောကြေနေအောင် သိသောကြောင့် ကျောင်းတွင်း စာပေဟောပြောပွဲနှင့် ပိုလမိုင်းကပ် ကြလေသည်။ ဆရာ ထင်လင်းဦး အလှည့်တွင် ဆရာက ဟော ပြောမှု အဆုံးသတ်ခါနီးတွင် ကျောင်း