ပြည်သူ့အစိုးရ စစ်စစ်ဖြစ်ဖို့ဆိုရင်

0
526

ခုဆိုရင် ဗြတ်စာတို့ ခေတ်သစ် စနစ်သစ်တစ်ခုကို ပိုင်ဆိုင်ဖြတ်သန်းနေ ရပြီ ခင်ဗျ။
လက်သန်းလေးတွေ မင်အပေခံပြီး ကြိုက်နှစ်သက်ရာ ရွေးချယ်ခဲ့လို့ ပြည်သူ အများစု နှစ်သက်ရာ အစိုးရတစ်ရပ် ပေါ်ပေါက်လာပြီး နိုင်ငံ့အရေးအရာ ကိစ္စ တွေ စီမံခန့်ခွဲနေပြီပေါ့ခင်ဗျာ။ အများ ပြောနေကြသလို ပြောရရင်တော့ ပြည်သူ့ အစိုးရပေါ့..။


ဟုတ်ကဲ့..ဗြတ်စာတို့ ပြည်သူ အများစု ရွေးချယ်ခဲ့ကြပါသဗျ။ ဒေါ် အောင်ဆန်းစုကြည်ရဲ့ ” လူကိုမကြည့်ဘဲ ပါတီကိုပဲကြည့်ပြီးမဲပေးပါ” ဆိုတဲ့ စကား ကို လိုက်နာပြီး အစိုးရအဖွဲ့အပြောင်း အလဲကို လိုချင်လွန်းလို့ တချို့ ကိုယ်စား လှယ်များဆို မချစ်သော်လည်း အောင့် ကာ နမ်းပြီး မဲပေးခဲ့ကြပါသဗျ။ အပြောင်း အလဲကို လိုချင် စိတ်ပြင်းပြတာကိုး။
ဒီအချက်ကို တချို့ကိုယ်စားလှယ် တော်ကြီးများ သိထားဖို့ လိုပါသဗျ။ တော်ကြာ ကိုယ့်ကြိုက်လွန်းတယ်ထင်ပြီး သွေးနားထင်ရောက်နေမှာ စိုးလို့..။ ဟော…ခုဆိုရင် ပြည်သူတွေ တင်မြှောက် ထားလို့ အစိုးရလည်း ဖွဲ့နိုင်ပြီ။ လွှတ် တော်ကြီးလည်း လည်ပတ်နိုင်နေပြီ။ ဝမ်းသာစရာပါပဲ ခင်ဗျ။ ပြည်သူတွေရဲ့ အောင်ပွဲမို့ ဂုဏ်ယူရမှာပေါ့ ခင်ဗျ။
အစိုးရအဖွဲ့သစ်ကလည်း တာဝန် တွေယူပြီးတာနဲ့ မနေမနား အလုပ်တွေ လုပ်၊ တိုင်းဒေသကြီးအတွင်း လှည့် လည်။ ပြည်သူတွေရဲ့တင်ပြချက်တွေ နားထောင်။ လိုအပ်တာတွေ ညှိနှိုင်းပေးနဲ့ အလုပ်တွေ လုပ်နေပြီဆိုတာ တွေ့ရပါ တယ်။ တချို့ကိစ္စတွေမှာ အားရကျေနပ် စရာရှိသလို တချို့ကိစ္စတွေမှာလည်း ဖြစ်ပါ့မလားရယ်လို့ အားမလိုအားရ ဖြစ်တဲ့ အနေအထားမျိုးတွေလည်း ရှိပါ သဗျ။  တချို့ကလည်း မယုံမရဲပေါ့ ခင်ဗျာ။
ရက် ၁၀၀ အတွင်း ဦးစားပေး ဖြေရှင်းရမယ့် အချက်တွေက ဟိုဟာ ဖြစ်သင့် တယ်။ ဒီဟာဖြစ်သင့်တယ်နဲ့ မိမိခံစားမှုနဲ့ ယှဉ်ပြီး ဝေဖန်တာမျိုးလည်း ရှိပါတယ်။ ပမာဆိုရရင် လျှပ်စစ် မီး တစ်ယူနစ်ကို ၁၀၀ ကျပ်နဲ့ ရအောင် လုပ်မယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ ပြည်ပ ရောက်နေတဲ့ အလုပ်သမားတွေ မိမိနိုင်ငံ ဘက်ပြန်လာပြီး အလုပ်လုပ် ခွင့်ရအောင် ကြိုးပမ်းမယ်ဆိုတဲ့ ကိစ္စမျိုးတွေမှာ တချို့ သော ပြည်သူတွေကလည်း မယုံမရဲ ခင်ဗျ။ သူတို့ ကိုလည်း အပြစ်မဆိုသာဘူး ခင်ဗျ။ အရင် တိုင်းဒေသကြီးအစိုးရအဖွဲ့ တုန်းကလည်း ဒီစကားမျိုးတွေပဲ ပြော သွားကြတော့ မယုံမရဲဖြစ်လာတာပါ။
တကယ်တော့ ခုတာဝန်ယူနေရတဲ့ အစိုးရဆိုတာကလည်း အရင်ကချန် ခဲ့တဲက အရှုပ်ထုပ်တွေကို ရှင်းပြီး တချို့ ကိစ္စတွေမှာ အစကနေ ပြန်စရတာမျိုး လည်းရှိမှာမို့  နားလည်မှုလေးတော့ ပေး သင့်တယ်လို့ ဗြတ်စာယူဆပါသဗျ။ တချို့သော ဝန်ကြီး၊ ဝန်ကလေးတွေက လည်း သူတို့ကိုင်တွယ်ရတဲ့ ဌာနတွေ အကြောင်း လေ့လာသင်ယူ နေဆဲကာလ မို့ အချိတ်အဆက် မမိတာတွေလည်း ရှိနေနိုင်ပါတယ်ဗျ။ ဒီလိုအနေအထား မျိုးကြုံလာရင် ဗြတ်စာတို့ ပြည်သူတွေ၊ ဝန်ထမ်းတွေကလည်း လိုအပ်တဲ့ အချက် အလက်တွေကူညီ၊ အကြံပြုချက်တွေ ပေးပြီး ဝိုင်းဝန်းကူညီသင့်ပါတယ်ခင်ဗျ။
ဗြတ်စာတို့ မြန်မာလူမျိုးတွေ ဆို တာက အခက်သား။ အစည်းအဝေးတွေ လုပ်နေတုန်းသာ မဆွေးနွေးချင်နေမှာ။ အပြင်ရောက်ပြီဆို အတင်းတုတ်တတ်တာ သဘာဝခင်ဗျ။ အစိုးရအဖွဲ့အပြောင်းအလဲ လုပ်နိုင်ဖို့ မဟာဗျူဟာအရ အနိုင်ရပြီး ရော မဲပေးခဲ့ကြပြီးပြီမို့ ဖြစ်ပေါ်လာ တဲ့ရလဒ်အပေါ်မှာပဲ ဗြတ်စာတို့ ပြည်သူ တွေ ဝိုင်းဝန်းကူညီဖို့ လိုပါသဗျ။ လက်မ ခံတဲ့ အသိုင်းအဝိုင်းက သွေးထိုးမှု တွေကို နားမယောင်ဘဲ နားလည်တတ်ကျွမ်း ပြီးသား ကိုယ်စားလှယ်တွေ လုပ်ခွင့်သာ အောင်၊ မကျွမ်းကျင်သေးတဲ့ ကိုယ်စား လှယ်တွေ နားလည်တတ် ကျွမ်းအောင် နီးစပ်ရာ ပြည်သူတွေကဝိုင်းဝန်းကူညီ သင့်တယ်လို့ ဗြတ်စာ ခံယူပါတယ်။
ပြည်သူတွေအနေနဲ့ မဲတော့ပေးပြီး ပြီ။ အစိုးရအဖွဲ့လည်း ဖြစ်သွားပြီ။ ငါတို့ တာဝန်ကျေပြီလို့ မှတ်ယူမထားဘဲ အစိုးရအဖွဲ့၊ လွှတ်တော်အဆင့်ဆင့် ကောင်းစွာ လည်ပတ်နိုင်ဖို့ အပြုသဘောနဲ့ အကြံပြုတာတွေ၊ ဝေဖန်ထောက်ပြတာ တွေ စဉ်ဆက်မပြတ် လုပ်ဆောင်သင့်ပါ သဗျ။ ကိုယ်စားလှယ်တွေနဲ့ ပြန်တွေ့ နိုင်တဲ့ အခြေအနေမျိုးမှာလည်း ရေငုံ နှုတ်ပိတ်နေကြတာမျိုး မဟုတ်ဘဲ၊ နောက်ကွယ်မှာမှ အတင်းတုတ်တာမျိုး မလုပ်ဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေး နွေးသင့်သဗျ။ အစိုးရတစ်ရပ်ဖြစ်ပေါ် လာတာနဲ့ အစိုးရမှာသာ တာဝန်ရှိတာ မဟုတ်ဘဲ မဲဆန္ဒရှင် ပြည်သူတွေမှာလည်း တာဝန်ကိုယ်စီ ရှိပါတယ်။ ဒါမှလည်း ပြည်သူတွေရဲ့ အကြံအဥာဏ်၊ ပြည်သူ တွေရဲ့ ခံစားချက်ကို အစိုးရအဖွဲ့ကသိပြီး အလုပ် လုပ်နိုင်မှာပါ။ ခပ်ဘွင်းဘွင်း ပြောရရင် ပြည်သူတွေက အစိုးရကို ခိုင်းတတ်ရမှာပါ။ သူတို့ မလုပ်တတ် ရင်လည်း ကိုယ်ကိုယ်တိုင် မဲပေးထား တဲ့သူကို ပြန်ကူညီပေးကြရမှာပါ။
ကိုယ်စားလှယ်တွေဘက်ကလည်း အမတ်ဖြစ်နေမှတော့ အဝေဖန်ခံနိုင်၊ နားအပူခံနိုင်ပြီး ပြည်သူတွေရဲ့ အခက် အခဲတွေကို အချိန်ပေး နားထောင် နိုင်အောင် ကြိုးပမ်းသင့်ပါတယ်။ မိမိရဲ့ မဲဆန္ဒရှင်ပြည်သူတွေက ဝေဖန် ထောက်ပြ အကြံပေးလာတာတွေကိုလည်း ရိုကျိုးစွာ ခံယူနိုင်ဖို့ လိုပါတယ်။ အမတ်ဖြစ်ပြီး တာနဲ့ ” ငါသာသိ၊ ငါသာတတ်” ဆိုတဲ့ အချိုးမျိုးမချိုးဘဲ မဲဆွယ်ကာလတုန်း ကလို ပြည်သူကို လေးစားနေသင့်ပါ တယ်။ ပြည်သူအများနဲ့ဆိုင်တဲ့ ကိစ္စတွေ ဆောင်ရွက်ရတော့မယ် ဆိုရင်လည်း ကြိုတင်ရှင်းပြသင့်တာတွေ ပွင့်ပွင့်လင်းလင်း ချပြဆွေး နွေးပြီး သဘောထားမှတ်ချက်တွေ ရယူသင့်ပါတယ်။ ပြည်သူတွေရဲ့ အသံကို ပြန်လည်နားထောင်ပြီး ဆောင်ရွက် သင့်တာတွေ ဆောင်ရွက်ဖို့ ဗြတ်စာက ဘုန်းကြီး စာချလုပ်ပါရစေဗျ။

လုပ်ငန်းတွေနဲ့ ပတ်သက် လာရင်လည်း တကယ့် ဖြစ်စဉ်၊ ဖြစ်ရပ်တွေအတိုင်း ပြောသင့်ပြောထိုက် တာတွေကို ထိန်ချန်မထားဘဲ ပြောသင့်ပါသဗျ။ စကားတစ်ခွန်းများ မှားသွား၊ အပိုဆာဒါးလေးများ ပြောလိုက်မိရင် နောင်ဆိုပြည်သူက မယုံကြည်တော့တဲ့ အနေအထားမျိုး မရောက်အောင် သိပြုသင့်ပါတယ် ခင်ဗျ။ ပြီးခဲ့တဲ့ အစိုးရ အဆက်ဆက်ရဲ့ ပြည်သူနဲ့ ဝေးပြီးကျဆုံးသွားရတဲ့ အားနည်းချက်တွေထဲမှာ မစားရ ၀ခမန်းပြောခဲ့တာ၊ သတင်း အမှောင် ချပြီး ကိုယ်ကျိုးရှာခဲ့တာတွေကို သင်ခန်းစာယူပြီး ပြည်သူတွေနဲ့အမှန် တကယ် ထဲထဲဝင်ဝင် ထိတွေ့နိုင်ရေး ကြိုးစားသင့်ပါတယ်။ ကိုယ်စား လှယ်တွေ အရေးကြီးဆုံး သိထား၊ နှလုံးသွင်းထားသင့်တာက ငါတို့ အနိုင်ရခဲ့တာသည် ငါတို့ရဲ့အရည် အချင်းထက် တစ်ဦးတစ်ယောက် သော မျက်နှာကြောင့် အနိုင်ရခဲ့တယ်ဆိုတာကို အမြဲနှလုံးသွင်းထားဖို့ပါ။
အခုမှ ပြည်သူတွေ ရွေးချယ်မှု မှန်ကန်ခဲ့တယ်ဆိုတာကို ငါတို့ အလုပ်နဲ့ သက်သေပြမယ်ဆိုပြီး ကြိုးစားစိတ်၊ အောင်စိတ်မွေးနိုင်ဖို့ပါ။
အရည်အချင်း၊ အရည်အသွေး အမှန်တကယ်ရှိတယ်ဆို တာကို ပြနိုင်ဖို့လိုပါတယ်။
ဒါမှလည်း ပြည်သူ့အစိုးရ ဖြစ်မှာပါ။