ကျန်းမာရေးလမ်းတွင် အမှိုက်လာပစ် သူများလာ

0
421

ထားဝယ်မြို့နေ ပြည်သူများ ကျန်း မာရေးအတွက် လမ်းလျှောက် ထွက်လေ့ ရှိသည့် ကျန်းမာရေးလမ်း (လမ်းမသစ်) တွင် စည်းကမ်းမဲ့ အမှိုက်လာရောက် စွန့်ပစ်မှုများလာကြောင်း လမ်းလျှောက် လာသူများနှင့် အနီးပတ်ဝန်းကျင်မှ ပြည်သူများက ဆိုသည်။


စားသောက်ဆိုင်အချို့မှ အမှိုက် များကို ဆီပုံးဝါအတွင်းထည့်ကာ ကား၊ ဆိုင်ကယ်များဖြင့် တစ်ရက်ကို လေးငါး ခေါက်နှုန်း လာရောက်စွန့်ပစ်နေသဖြင့် အနံ့အသက်ဆိုးများ ဆိုးဝါးစွာ ထွက် ပေါ်လျက်ရှိကြောင်း ကျန်းမာရေးလမ်းရှိ ထန်းတက်သမားများ ကပြောသည်။

rabbish_heath_road
” မနက်စောစောဆို စားသောက် ဆိုင်တွေက ကားတွေနဲ့တောင် လာပစ် နေကြတာ။ အနံ့လည်း တော်တော် နံတယ်”  ဟု ထန်းတက်သမားတစ်ဦး ကဆိုသည်။
ကျန်းမာရေးလမ်းသည် ထားဝယ် မြို့နေပြည်သူများ နံနက်ခင်းနှင့် ညနေ ပိုင်းတွင် ကျန်းမာရေးအတွက် လမ်း လျှောက်ထွက်လေ့ရှိသော လမ်းဖြစ်ပြီး အမှိုက်ပုံများကြောင့် ကျန်းမာရေးကို ထိခိုက်နေသလို စိတ်မသက်မသာဖြစ်ရ ကြောင်းနေ့စဉ်လမ်းလျှောက် ထွက်လေ့ ရှိသူတို့က ဆိုသည်။
” စည်းကမ်းမရှိကြဘူးလို့ မြင် တယ်။ အမှိုက်ပုံတွေက အနံ့အသက် ဆိုးတွေ ထွက်နေaတော့ သိပ်အဆင် မပြေဘူး” ဟု နေ့စဉ် လမ်းလျှောက် ထွက်လေ့ရှိသူ ထားဝယ်မြို့၊ တလိုင်းမ ရပ်ကွက်မှ ဦးတင်အောင်က ပြောသည်။
ထားဝယ်မြို့အဝင် ထန်းပင်တန်း များဖြင့် လှပနေသည့်  အဆိုပါလမ်းနံ ဘေးတွင် စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်း ကြောင့် မြို့ဂုဏ်သိက္ခာ ကျဆင်းစေ ကြောင်း ထားဝယ်မြို့ခံ တစ်ဦးက ဆို သည်။
” မြို့ပတ်လမ်းမှာ အမှိုက်တွေ ပွနေ တာမြင်ရင် ထားဝယ်သား တစ် ယောက်  အနေနဲ့ အရမ်းရှက်မိတယ်” ဟု ထား ဝယ်မြို့ခံ ကိုသိုက်ထွန်းက ပြောသည်။
မြို့နယ် စည်ပင်သာယာမှ အမှိုက် သိမ်းယာဉ် ပုံမှန်မလာခြင်းကလည်း အမှိုက်ပြဿနာ၏ အစဟု မြင်ကြောင်း ၎င်းက ဆက်ပြောသည်။
ထားဝယ်မြို့၌ အမှိုက်မပစ်ရ ဆိုသည့် နေရာများတွင် အမှိုက် လာ ရောက် စွန့်ပစ်ပါက လာရောက် စွန့်ပစ် သည့် ယာဉ်နံပါတ်ကို မှတ်သားထားပြီး ထားဝယ်မြို့နယ် စည်ပင် သာယာ ရေးအဖွဲ့ထံ တိုင်ကြားနိုင်ကြောင်း ထားဝယ်မြို့နယ် စည်ပင် သာယာရေး အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆို သည်။
” သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ် ရေးမှူးတွေ၊ နီးစပ်ရာအိမ်တွေကို ယာဉ်နံ ပါတ်တွေ မှတ်ထားပေးဖို့ အကူအညီ တောင်းထားတယ်”  ဟု ထားဝယ်မြို့နယ် စည်ပင် အမှုဆောင်အရာရှိ ဦးအောင် ကျော်မျိုးက ပြောသည်။
ထားဝယ်မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့မှ အမှိုက်သိမ်းယာဉ်များသည် နေအိမ်နှင့် စားသောက်ဆိုင်သုံး မီးဖို ချောင်သုံး အမှိုက်ကိုသာ လိုက်လံ သိမ်းဆည်းပြီး ခြံထွက်အမှိုက်တွေ (အုန်းခက်၊ အုန်းလက်၊ အိမ်မိုး ဓနိဖက် စသည့်) များကို နီးစပ်ရာ ချောင်းမြောင်း များတွင် မပစ်ကြဘဲ စည်ပင်မှ သတ် မှတ်ထားသည့် ဝဲကျွန်းရပ်ကွက်ရှိ အ မှိုက်စွန့်ပစ်သည့် နေရာတွင် သွားရောက် စွန့်ပစ်နိုင်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရ သည်။