ခြောက်ရက်အတွင်း ထိုင်းနိုင်ငံမှ ခိုးပြန်လာသူ ၁၄ ဦးကို လဝကအက်ဖြင့် အမှုဖွင့်

0
290
Dawei Watch, Dawei News, Dawei News Media

ခြောက်ရက်တာကာလအတွင်း ထိုင်းနိုင်ငံမှ ကော့သောင်းသို့ ခိုးပြန်လာသူ ၁၄ ဦးကို လဝကအက်ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။

စက်တင်ဘာလ ၂၉ ရက်နေ့တွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ဖြစ်ပြီး ၎င်းတို့မှာ ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း ခိုးဝင်လာစဉ် အဖမ်းခံရသူများဖြစ်သည်။ ၎င်းတို့အား သက်ဆိုင်ရာ ကွာရန်တင်းစခန်းတွင် သတ်မှတ်ရက်အတိုင်း စောင့်ကြည့်နေထိုင်စေပြီးမှ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံမှ ကော့သောင်းမြို့သို့ နည်းလမ်းအမျိုးမျိုးဖြင့် ခိုးဝင်လာကြသည့် အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၆ ဦးတို့ကို လဝကအက်ဥပဒေမုဒ်မ- ၁၃(၁)ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ကော့သောင်းတွင် မူးယစ်ဆေးတွေ့သူနှင့် ကွင်းဆက်ထံမှ စိတ်ကြွဆေးပြား ခုနစ်ရာနီးပါး ဖမ်းမိ

အခြားရက်များတွင်လည်း ခိုးဝင်သူများရှိပြီး ဖမ်းမိခဲ့သည့် ဖြစ်စဉ်များ လည်းရှိသည်။

ကိုဗစ်ကပ်ဘေးကာလအတွင်း ထိုင်းနိုင်ငံမှ ပြန်လာပါက တရားဝင်နယ်စပ်ဝင်ပေါက်မှသာ ဝင်လာရန်တိုင်းအစိုးရက ထုတ်ပြန်ထားသည်။

Dawei Watch