တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူး ပြောင်းလဲ

0
446

တနင်္သာရီတိုင်း၏ တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးအတွက် အရေးပါသော ထိပ်တန်းနေရာ တစ်ခုဖြစ်သည့် ရဲတပ်ဖွဲ့မှူးနေရာကို အပြောင်းအလဲပြု လုပ်လိုက်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေးသည် ရဲမှူးချုပ်အဖြစ် ရာထူးတိုးကာ ရဲလေ့ကျင့်ရေးအရာရှိချုပ်အဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၎င်းင်းက ဇူလိုင်လ ၁၃ ရက်နေ့တွင် စတင်ပြောင်းရွေ့တာဝန်ထမ်းဆောင် မည်ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။

တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးအဖြစ် ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ကျော်က ပြောင်းရွှေ့လာမည်ဟု ဆိုသည်။

“(အသစ်) တိုင်းရဲမှူးကြီးလည်း တနင်္လာနေ့ အရောက်လာမယ်”ဟု ယင်းတာဝန်ရှိသူက ပြောသည်။

ရဲမှူးကြီးခင်မောင်အေးသည့် ၂၀၁၈ ခုနှစ် သြဂုတ်လတွင် တနင်္သာရီတိုင်း ရဲတပ်ဖွဲ့မှူးအဖြစ် စတင်တာဝန်ထမ်း ဆောင်ခဲ့ပြီး ၂ နှစ်နီးပါးအကြာတွင် ပြောင်းရွှေ့သွားခြင်း ဖြစ်သည်။