တနင်္သာရီမြစ်ကူးတံတား မကြာမီ အသုံးပြုနိုင်မည်

0
584

ပြည်ထောင်စုလမ်းမကြီးပေါ်တွင်ရှိပြီး မြိတ်-တနင်္သာရီ-ကော့သောင်းမြို့သို့ သွားလာရာတွင် အရေးပါသည့် တနင်္သာရီမြစ်ကူးတံတားသစ်အား မေလအကုန်ခန့်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။


လက်ရှိတွင် တနင်္သာရီမြစ်ကူးတံတားမှာ ပြီးစီးလုနီးဖြစ်ပြီး အချောသပ်လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ယင်းတံတား စီမံကိန်းတည်ဆောက်ရေး အဖွဲ့(၄)မှ သိရသည်။


“ဖွင့်ပွဲက လောလောဆယ် အခြေအနေအရ မလုပ်ဖြစ်သေးပါဘူး” ဟု တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောသည်။


တနင်္သာရီမြစ်ကူးတံတား၏ အရှည် မှာ ၁၄၄၄ ပေရှိပြီး ယခင်တံတားဟောင်းနံဘေးတွင် တည်ဆောက်ထားသည်။


ယင်းတံတားကို ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းက စတင်တည်ဆောက်ခဲ့သည်။

မြင့်မိုရ်(မြိတ်)