ထားဝယ်နာရေးကူညီမှုအသင်း ဝန်ထမ်းတစ်ဦး ပစ်သတ်ခံရ

0
1235

ထားဝယ် နာရေးကူညီမှုအသင်း၏ ဝန်ထမ်းတစ်ဦး ယနေ့ မွန်းလွဲ ပိုင်းက ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံမှသိရသည်။

ပစ်သတ်ခံရသူမှာ ထားဝယ်မြို့နယ် ဇဟာရွာသား အသက် ၃၂ နှစ်အရွယ်ရှိ ကိုဇော်မင်းထွန်းဆိုသူဖြစ်သည်။

ထားဝယ်မြို့ ဘာသာပေါင်းစုံသုဿာန်နှင့် ဇဟာရွာကြား ရှိ ရေကာတာအနီးပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ဒဏ်ရာကတော့ ခေါင်းမှာချည်းပဲ”ဟု ၎င်းဒေသခံကပြောသည်။

သေဆုံးသူမှာ ထားဝယ်နာရေးကူညီမှုအသင်း ဝန်ထမ်း သုံးဦးအနက် တစ်ဦးဖြစ်ပြီး ယနေ့ မွန်းလွဲပိုင်းတွင်ပင် နာရေးကူညီမှုကိစ္စများများ လုပ်ကိုင်ဆောင်ရွက်ပေးနေသေးကြောင်း ထားဝယ်နာရေးကူညီမှု​ အဖွဲ့ဝင်များထံမှ​ စုံစမ်းသိရှိရသည်။

အဆိုပါနာရေးကူညီမှု ဝန်ထမ်းကို မည်သူတို့က မည်သည့်အကြောင်းရင်းကြောင့်ပစ်သတ်သွားသည်ဆိုခြင်းကို အသေးစိတ်မသိရသေးပေ။

ကိုဇော်မင်းထွန်း၏ ရုပ်အလောင်းကို ယနေ့ ညနေပိုင်းတွင် အရေးပေါ်လူနာတင်ယာဉ်ဖြင့် လာရောက်တင်ဆောင်သွားကြောင်းသိရသည်။