ရသေ့တောင်မြို့ကို AA သိမ်းယူ၊ စစ်ကောင်စီတပ်သားနှစ်ရာခန့် စစ်သေင်္ဘာဖြင့်ထွက်ပြေးဟု AA ပြော

0
2722

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ရှိ စစ်ကောင်စီတပ်ရင်းသုံးရင်းကို သိမ်းယူပြီးနောက် မြို့ကိုထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်သည်။

ရသေ့တောင် အခြေစိုက် ခမရ ၅၃၆ ၊ ၅၃၇ နှင့် ၅၃၈ တပ်ရင်း သုံးခုစလုံးကို မတ်လ ၁၇ ရက် ညနေပိုင်းတွင် သိမ်းယူလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်ဘက်က ကြည်း၊ ရေ၊ လေ ပစ်ကူအမြောက်အများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း နှစ်ပတ်ခန့် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း AA က ဆိုသည်။

တပ်ရင်းစခန်းများအတွင်းက စစ်ကောင်စီတပ်သား နှစ်ရာခန့် စစ်သေင်္ဘာဖြင့် ထွက်ပြေးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်မှုထမ်းဥပဒေအာဏာတည်ကြောင်း ကြေညာပြီးနောက် စစ်သင်တန်းပေးထားသည့် မွတ်ဆလင်အချို့၏ ရုပ်အလောင်းများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်းများ၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း လည်း ဆိုသည်။

ထို့အပြင် ဘူးသီးတောင်မြို့အတွင်းရှိ စကခ (၁၅) လက်အောက်ခံ၊ ခမရ ၅၅၂ တပ်ရင်းကိုလည်း အရှိန်အဟုတ်မြှင့်ကာ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း AA က ဆိုသည်။