စစ်တွေအနီးက ပုဏ္ဏားကျွန်းမြို့ကို AA သိမ်းယူ

0
817
Photo - Narinjara

ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မိုင် ၂၀ကျော်သာဝေးသည့် ပုဏ္ဏားကျွန်းမြို့ကို မတ်လ ၄ ရက်နေ့တွင် သိမ်းယူလိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။

ပုဏ္ဏားကျွန်းမြို့မှာ AA သိမ်းယူသည့် ခုနစ်ခုမြောက် မြို့နယ်အဆင့်မြို့ ဖြစ်လာသည်။

ပုဏ္ဏားကျွန်းမြို့ တွင် တစ်ခုတည်းရှိသည် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၅၅၀ ကို သိမ်းယူကာ မြို့ကိုသိမ်းယူလိုက်ခြင်းခြင်းကြောင်း ဖော်ပြသည်။

စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး အပြင်းအထန် တိုက်ခိုက်သည့်ကြားက သိမ်းယူနိုင်ခဲ့ဖြစ်ကြောင်း AA က ဆိုသည်။

ပုဏ္ဏားကျွန်းမြို့ သိမ်းယူခံရပြီးနောက် ရသေ့တောင်-ပုဏ္ဏာကျွန်းကားလမ်းမရှိ စေတီပြင်တံတားကို ညနေပိုင်းတွင် ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့်၁၂ ကြိမ် လာရောက်တိုက်ခိုက်ဖျက်စီးခဲ့ကြောင်းည်း ဖော်ပြသည်။

ပုဏ္ဏားကျွန်းမြို့ရှိ မြို့မရဲစခန်းကို ဖေဖော်ဝါရီလ ၂၂ ရက်တွင် AA က သိမ်းယူပြီးနောက် ခမရ ၅၅၀ တပ်ရင်းကို ဆက်လက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် လက်နက်မချသည့် စစ်ကောင်စီတပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း AA က ဆိုသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ရခိုင်ပြည်နယ်တွင် မြောက်ပိုင်းရှိ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်းမြို့နယ်တို့ကို AA က သိမ်းယူထားပြီဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့သည် ရန်ကုန်-စစ်တွေ ကားလမ်းဖြင့် တစ်ဆက်တည်း တည်ရှိတဲ့ မြို့ဖြစ်သည်။