ဆန်၊ ကြက်သွန်နှင့် ငရုတ်ဈေးတက်နေသည့် ထားဝယ်ဈေးကွက်

0
1060

ထားဝယ်စျေးကွက်တွင် နှစ်ပတ်ဆက်တိုက်ငြိမ်နေသည့်ဆန်ဈေးမှာ ယခုအပတ် အနည်းငယ်မြင့်တက်လာသည်။

ဖေဖော်ဝါလ ၂၃ ရက်နေ့က ရက်ကိုးဆယ် အကယ်ဒမီဆန်ကြမ်း တစ်အိတ်လျှင် ၁၂၁၀၀၀ ကျပ်မှ ယနေ့ ၁၂၂၅၀၀ကျပ် ၊အကယ်ဒမီ အနီတံဆိပ် ပေါ်ဆန်းဆန် တစ်အိတ်လျှင် ၁၄၀၀၀၀ကျပ်မှ ၁၄၂၀၀၀ကျပ်သို့ ဈေးတက်သွားသည်။

တစ်ပတ်အတွင်း ဆန်တစ်အိတ်လျှင် ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်ဈေးနှုန်း မြင့်တက်သွားခြင်းဖြစ်သည်။

ပြီးခဲ့သည့်အပတ်က ကြက်သွန်နီတစ်ပိသာ ၃၈၀၀ကျပ်သာရှိရာမှ ယနေ့ တစ်ပိတ်သာ ၄၀၀၀ကျပ်ဖြစ်သွားသည်။

ထိုးနည်းတူ ယခင်အပတ်က ငရုတ်ပုအခြောက်တစ်ပိဿာ ၁၇၀၀၀ကျပ်မှ ယနေ့ ၁၈၀၀၀ကျပ် ဖြစ်သွားသည်။

သို့သော်လည်း ကြက်သွန်ဖြူဈေးမှာ တစ်ပတ်အတွင်း တစ်ပိဿာ ကျပ်တစ်ထောင် ‌ဈေးပြန်ကျလာသည်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကြက်သွန်ဖြူတစ်ပိဿာ ၁၇၀၀၀ကျပ်အထိပေးရပြီး ယနေ့ တစ်ပိဿာ ၁၆၀၀၀ကျပ်သာရှိတော့သည်။