ထားဝယ်နှင့် မော်လမြိုင်တွင် ​​နေ့အပူချိန်မြင့်တက်​နေပြီး စံချိန်သစ်တင်

0
1314

ထားဝယ်မြို့နှင့် မော်လမြိုင်မြို့များတွင် ယခုအပတ်အတွင်း ​နေ့အပူချိန်ဆက်တိုက် မြင့်တက်​နေပြီး အပူချိန်စံချိန်အသစ်သို့ ရောက်ရှိခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးဦးစီးဌာန ထံမှသိရသည်။

ယခုနှစ်မှာ အစွန်း​ရောက် ရာသီဥတုဖြစ်သည့် ပူပြင်း​ခြောက်​သွေ့​သော အယ်နီညိုရာသီဥတုကို ကြုံ​တွေ့ရမည်ဟု မိုး​လေဝသနှင့် ဇလ​ဗေဒပညာရှင်များက ​ပြောဆိုထားသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက် နေ့လယ်ပိုင်းက မိုးဇလ၏ ထုတ်ပြန်ချက်တွင် မွန်ပြည်နယ် ၊ မော်လမြိုင်မြို့နှင့် ရှမ်းပြည်နယ် လွိုင်လင်မြို့များ၏ အပူချိန်များသည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အမြင့်ဆုံးအပူချိန်အဖြစ် စံချိန်ချိုးခဲ့ကြောင်းဖော်ပြထားသည်။

မော်လမြိုင်တွင် ဖေဖော်ဝါရီလ ၂၆ ရက်၌ အပူချိန် ၃၉ ဒသမ ၁ ဒီဂရီစင်တီဂရိတ် (၁၀၂ ဒသမ ၄ ဒီဂရီဖာရင်ဟိုက်) အထိရှိခဲ့ပြီး ၂၀၁၂ ခုနှစ်က အမြင့်ဆုံးအပူချိန်စံချိန်ဖြစ်သည့် ၃၈ဒသမ၈ ဒီဂရီစင်တီဂရိတ် (၁၀၁ဒသမ၈ ဒီဂရီဖာရင်ဟိုက်)ကို ​ကျော်သွားခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၂၄ ရက်ကလည်း ထားဝယ်မြို့တွင် အပူချိန် ၃၈ဒသမ၃ ဒီဂရီစင်တီဂရိတ် (၁၀၀ဒသမ၉ ဒီဂရီ ဖာရင်ဟိုက်)ဖြင့် အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့သည်။

အလားတူ လောင်းလုံးမြို့ တွင်လည်း ဖေဖော်ဝါရီလ ၂၄ ရက်၌ ပင် ၃၇ ဒသမ ၈ ဒီဂရီစင်တီဂရိတ် (၁၀၀ ဒီဂရီဖာရင်ဟိုက်) ၂ဝ၁၆ ခုနှစ်က အမြင့်ဆုံးအပူချိန်ကိုကျော်လွန်ကာ စံချိန်သစ်တင်ခဲ့သည်။

ထားဝယ်ခရိုင်အတွင်း ယနေ့ဖေဖော်ဝါရီလ ၂၇ ရက်တွင် နေရာအနှံ့အပြား တိမ်ထူပြီး ရေဖြူမြို့နယ်ရှိကျေးရွာ အချို့တွင် နေရာကွက်ကျားမိုးရွာခဲ့သည်ဟု ဒေသခံများက​ပြောဆိုသည်။