လောင်းလုံးက နေအိမ်မီးရှို့ခံရသူများ

0
626

စစ်ကောင်စီတပ်က နှစ်ကြိမ်တိုင်မီးရှို့ခဲ့တဲ့ ညောပြင်ရွာနဲ့ အောက်ကျောက်ဝပ်ရွာက ဒေသခံတွေ ခက်ခက်ခဲခဲ ရှင်သန်နေထိုင်ကြပုံတွေကို (ယခုလ ဒုတိယပတ်မှာ) ရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်။

လောင်းလုံးမြို့နယ် ညောပြင်ရွာနှင့် အောက်ကျောက်ဝပ်ရွာက နေအိမ်ပေါင်း ၂၀၀ ကျော်ကို စစ်ကောင်စီတပ်က နှစ်ကြိမ်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

၂၀၂၃ မတ်လတွင်တစ်ကြိမ်၊ ဒီဇင်ဘာလတွင်တစ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ ကြွက်မနိုင်ကျည်မီးရှို့ဗျူဟာအောက်မှာ ဒေသခံထောင်ချီ အိုးမဲ့၊ အိမ်မဲ့ဖြစ်သွားခဲ့ရပါပြီ။

နေစရာအိမ်မရှိတော့တဲ့ ဒေသခံတွေကတော့ ဖြစ်သလိုတဲထိုးနေထိုင်ပြီး ခက်ခဲစွာ ရုန်းကန်အသက်မွေးနေကြရပါတယ်။

တာလပတ်အမိုးတစ်ခုကလွဲပြီး အကာအယံမရှိတဲ့ တဲလေးတွေအောက်မှာ လေဒဏ်မိုးဒဏ်ကို ကြံ့ကြံ့ခံပြီး နေထိုင်နေရတာပါ။