ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် လွတ်ငြိမ်းဖြင့်ပြန်လွတ်

0
1211

ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချမှတ်ခံထားရသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်သည် ၆ လ အချုပ်ခံရပြီးနောက် ယနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာပြီဖြစ်သည်။

သူသည် အချုပ်ထောင်ထဲတွင် တစ်ညတောင်မှမနေရဘဲ ပြန်လွတ်လာသူဖြစ်ပြီး မိသားစုနေအိမ်တွင် နေထိုင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုင်းအကျဉ်းထောင်ထဲရှိ အသက်အရွယ်ကြီးရင့်သူများနှင့် ကျန်းမာရေးမကောင်းသူ ၉၃၀ ဦးကို ယနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ပြီးခဲ့တဲ့နှစ် ဩဂုတ်လတွင် ထိုင်းနိုင်ငံကို ပြန်လာပြီး အဖမ်းခံခဲ့သည်။

ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သော်လည်း သူ့ထောင်ဒဏ်ကို တနှစ်သာ ကျခံရန် ထိုင်းဘုရင်က လျှော့ပေါ့ပေးခဲ့ခြင်းဖြစ်သည်။

သက်ဆင်သည် အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်ပြီး ရောဂါပေါင်းများစွာကို ခံစားနေရသဖြင့် ထိုင်းရဲတပ်ဖွဲ့ အထွေထွေဆေးရုံတွင် လပေါင်းများစွာ နေထိုင်နေခဲ့ရကြောင်း သတင်းများတွင် ဖော်ပြထားသည်။

Ref: The Nation