ဆန်ချောဈေးကျပြီး ဆန်ကြမ်းဈေးတက်နေသည့် ထားဝယ်ဈေးကွက်

0
723

ထားဝယ်တွင် ယခုအပတ် ဆန်ချောဈေးကျပြီး ဆန်ကြမ်းဈေးအနည်းငယ်တက်နေသည်။

ပြီးခဲ့သည့်အပတ် ဇန်နဝါရီ ၅ ရက်နေ့က ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၂၀၈,၅၀၀ ကျပ်မှ ယနေ့ ၁၉၈,၀၀၀ကျပ်သာ စျေးရှိတော့သည်။

တစ်ပတ်အတွင်း ဆန်ချောတစ်အိတ်လျှင် ကျပ် ၁၀၀၀၀ ကျော် ဈေးကျလာခြင်းဖြစ်သည်။

သို့သော် ဆန်ကြမ်းဈေးမှာ ပြီးခဲ့သည် အပတ်ကထက် ကျပ် ၁၀၀၀ ဈေးတက်လာသည်ကို တွေ့ရသည်။

ပြီးခဲ့သည့်အပတ်က အကယ်ဒမီ ရက်ကိုးဆယ် ဆန်တစ်အိတ်လျှင် ၁၀၂,၅၀၀ ကျပ်စျေးရှိရာမှ ယနေ့ ၁၀၃,၅၀၀ကျပ် ဖြစ်သွားခြင်း ဖြစ်သည်။

ကြက်သွန်ဈေးမှ အကျဘက်ရောက်နေသည်ကို တွေ့ရသည်။

ကြက်သွန်နီအသစ် ဈေးကွက်ထဲရောက်ရှိလာသောကြောင့် တစ်ပိဿာ ကျပ် ၅၀၀၀ ဝန်းကျင်ခန့်ရှိသော ကြက်သွန်နီဈေးမှာ ဇန်နဝါရီ ၅ ရက်နေ့တွင် တစ်ပိဿာ ၄၀၀၀ကျပ်၊ ယနေ့ တွင် တစ်ပိဿာ ၃၄၀၀ကျပ်သာ ကျန်တော့သည်။

ယခုအပတ် ထားဝယ်ရေထွက်ကုန်များ ဈေးမြင့်တက်နေသည်။

ဈေးကွက်အတွင်း ငါးအဝင်နည်းသောကြောင့် ပြီးခဲ့သည့် သုံးရက်ခန့်ကစပြီး ငါးပုစွန်ဈေးများ မြင့်တက်နေကြောင်း ရေထွက်ကုန်ရောက်ဝယ်ရေး လုပ်ငန်းလုပ်သူများထံမှ သိရသည်။