ရခိုင်တွင် ချိန်ခါလီနယ်ခြားစောင့်တပ်စခန်းကို သိမ်းယူလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်

0
1090

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ ချိန်ခါလီ နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော် AA က သိမ်းယူလိုက်ပြီဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ပူးတွဲထုတ်ပြန်သည်။

နှစ်ရက်ကြာ တိုက်ခိုက်ပြီးနောက် ယနေ့ နိုဝင်ဘာလ ၁၄ရက် နံနက် ၇ နာရီခန့်တွင် သိမ်းယူနိုင်ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

ရသေ့တောင်မြို့နယ် ချိန်ခါလီနှင့် ဒုံးပိုက်နယ်ခြားစောင့်စခန်း တို့ကို AA က နိုဝင်ဘာလ ၁၃ ရက်တွင် စတင် တိုက်ခိုက်ခဲ့သည်။

မင်းပြား၊ ကျောက်တော် မြို့နယ်တို့တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦးထက် မနည်း သေဆုံးပြီး ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြချက်အရ သိရသည်။