Dawei Watch ရဲ့ ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များ

0
945

အခုတစ်ပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၁) ယှဉ်ပြိုင်ကစားရတော့မှာပါ။

ပရီးမီးယားလိဂ် ပွဲစဉ်(၁၁)ရဲ့ပွဲစဉ်တွေထဲမှာ ပွဲကောင်းတွေ အများအပြား ပါဝင်လို့နေပါတယ်။

ပြိုင်ပွဲအရပ်ရပ် ၂ ပွဲဆဆက် ရှုံးနိမ့်ထားတဲ့ မန်ယူအတွက် ဖူလ်ဟမ်နဲ့ ကစားရမယ့်ပွဲစဉ်က ပွဲကျပ်နိုင်သလို နယူးကာဆယ်ရဲ့အိမ်ကွင်းဆီကို သွားရောက်ယှဉ်ပြိုင်ရဖို့ ရှိနေတဲ့ အာဆင်နယ်အတွက်လည်း စိန်ခေါ်မှုက ကြီးမားလွန်းနေမှာပါ။

လီဗာပူးနဲ့ မန်စီးတီးတို့ကတော့ အသင်းငယ်တွေနဲ့ရင်ဆိုင်ရဖို့ ရှိနေတာကြောင့် ပွဲချောင်နေပါတယ်။

စပါးနဲ့ ချယ်လ်ဆီးတို့ လန်ဒန်မြို့ခံအသင်းအချင်းချင်း ထိပ်တိုက်တွေ့နေတဲ့ပွဲကတော့ ဒီတစ်ပတ်ရဲ့ပွဲကြီးပွဲကောင်းဖြစ်လာမှာပါ။

ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အသင်းကြီးတွေရဲ့ပွဲစဉ်တွေကို ရွေးချယ်ကောက်နုတ်ပြီး Dawei Watch ပရိသတ်တွေအတွက် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။