ချင်းမိုင်တွင် မြန်မာအမျိုးသမီးတစ်ဦး ရထားတိုက်ခံရပြီးသေဆုံး

0
732

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်တွင် မြန်မာအမျိုးသမီးတစ်ဦး ရထား အတိုက်ခံရပြီး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် စာရဖီဒေသအနီး၌ ချင်းမိုင်မြို့သို့ မောင်းနှင်လာသော ရထား အတိုက်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူသည် အသက် ၂၇ အရွယ်ရှိ မြန်မာအမျိုးသမီးဖြစ်ပြီး လမ်းဖွန်ခရိုင်မှတစ်ဆင့် ချင်းမိုင်တွင် လာရောက် လုပ်ကိုင်နေသူဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။

မိန်းကလေးသည် အနီးရှိ သတိပေးတိုင်ကို ကျော်၍ ရထားလမ်းပေါ်ရောက်ရှိလာပြီးနောက် ရထားလမ်းအလယ်တွင် လမ်းလျှောက်လာသည်ကို တွေ့ရှိရသော်လည်း အချိန်မီ ဘရိတ်အုပ်နိုင်ခြင်းမရှိခဲ့သဖြင့် ဝင်တိုက်မိခြင်းဖြစ်ကြောင်း ရထားမောင်းသူ၏ ပြောကြားချက်ကို ဖော်ပြသည်။

ရဲတပ်ဖွဲ့က မိန်းကလေးငယ်သည် မိမိကိုယ်ကို အဆုံးစီရင်သည်ဟု ကနဦး ကောက်ချက်ချထားပြီး စာရဖီရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ဟု ပြောဆိုကြောင်း သတင်းများတွင် ဖော်ပြထားသည်။

၎င်းသည် မိသားစုနှင့် ပြဿနာဖြစ်ထားခြင်းမရှိဘဲ ချေးငွေနှင့် ငွေကြေးပြဿနာများရှိနေသည်ဟု မိသားစုတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားကာ သတင်းများတွင် ရေးသားထားသည်။

Ref: Chiang Mai News, Thairath Online