မန်ယူလမ်းမကြီးထဲ ၂ နှစ်တစ်ခါ ပေါ်လာတတ်တဲ့တစ္ဆေကျိန်စာဟာ နောက်တစ်ကြိမ် နောက်တစ်ခါလား

0
1213

ဖာဂူဆန်ခေတ်လွန်ကာလဟာ မန်ယူအတွက် ကြမ်းတမ်းလွန်းခြင်းမက ကြမ်းတမ်းလွန်းလှပါတယ်။

ပရီးမီးယားလိဂ် ဆုဖလားက အသင်းရဲ့ဆုဖလားပြခန်းဆီ မျက်စိလည် လမ်းမှားပြီးတောင် ရောက်မလာတော့သလို ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာစာ ရနိုင်ဖို့အရေးကလည်း အသည်းအသန် ကစားရတဲ့အနေအထားမျိုး ဖြစ်သွားခဲ့ပါပြီ။

ယာယီခန့်အပ်ခဲ့တဲ့ ရွိုင်ယန်ဂစ်၊ မိုက်ကယ်ကာရစ်နဲ့ ရန်ဂနစ်ခ် အစရှိတဲ့ နည်းပြတွေကို ဖယ်ထုတ်လိုက်မယ်ဆိုရင် ဖာဂူဆန်ခေတ်လွန်ကာလထဲမှာ မန်ယူကို အမြဲတမ်းနည်းပြအဖြစ် ဦးဆောင်ခွင့်ရခဲ့သူတွေက ဒေးဗစ်မိုယက်စ်၊ လူးဝစ္စဗန်ဟားလ်၊ မော်ရင်ညို၊ ဆိုးလ်းရှားနဲ့ အီရစ်ခ်တန်းဟတ်ဂ်တို့ ရှိနေတာကို တွေ့ရပါလိမ့်မယ်။

ခက်နေတာက အိုးလ်ထရက်ဖို့ဒ် အိပ်မက်ကဇာတ်ရုံကြီးထဲမှာ ၂ နှစ် တစ်ခါ ပုံမှန်ခြောက်လှန့်တတ်တဲ့ တစ္ဆေကြီးတစ်ကောင် ရှိနေတာပါပဲ။

ဒီတစ္ဆေကြီးတွေဟာ အရပ်စကားနဲ့ပြောရမယ်ဆိုရင် နည်းပြတွေကို စားလေ့ရှိပါတယ်။

ဒီတစ်ခါရော တစ္ဆေကြီး ပြန်လည်နိုးထပြီး အီရစ်ခ်တန်းဟတ်ဂ်ကို စားပစ်လိုက်လေတော့မလားကို စောင့်ကြည့်ကြရမှာပါပဲ။