၅ နှစ် မပြည့်သေးတဲ့ ကလေးတွေကို စာရေး စာဖတ်ခိုင်းတာ လုပ်သင့်လား

0
1543

အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းမှာ စာသင်ကျောင်းတွေ ရာနှုန်းပြည့်မဖွင့်နိုင်တော့ပါဘူး။

မူကြိုကျောင်း အားလုံးနီးပါးလည်း ပိတ်ထားကြရတာပါ။

မူကြိုအရွယ်ဖြစ်တဲ့ ၃ နှစ်နဲ့ ၅ နှစ်ကြားကလေးတွေဟာ ကိုယ့်ရွာမှာကိုယ် ကျူရှင်တက်နေကြပါတယ်။

အသက် ၅ နှစ်မပြည့်သေးပေမယ့် စာရေးတာ၊ စာဖတ်တာတွေလုပ်နေကြပါတယ်။

၅ နှစ်မပြည့်သေးခင် စာရေး၊ စာဖတ်တာ လုပ်သင့်သလား။ ဘယ်လိုဆိုးကျိုးတွေရှိသလဲ။ မိဘတွေအနေနဲ့ လုပ်ပေးရမယ့်အရာတွေက ဘာတွေလဲ။

ဒီအ​ကြောင်း​တွေကို ရှေ့ဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးဆရာမ တစ်ဦးဖြစ်တဲ့ ဒေါ်ဇာလီ က​ပြောပြသွားမှာဖြစ်ပါတယ်။