ရက် ၂၀၀ ကျော်လာသော်လည်း ဆိုင်ကယ်စီးခွင့် မရသေးတဲ့ ကံပေါက်

0
1430

ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသကို စစ်ကောင်စီက ဆိုင်ကယ်စီးခွင့် လုံးဝပိတ်ထားတာ အခုဆိုရင် ရက်ပေါင်း ၂၀၀ ကျော်သွားပါပြီ။ ဆိုင်ကယ်စီးတဲ့အတွက် ပစ်ခတ်ခံရတာ၊ ဖမ်းဆီးခံရတာတွေလည်း ကြုံတွေ့ခဲ့ကြရပါတယ်။

ဆိုင်ကယ်စီးခွင့် မရတဲ့ ဒေသခံတွေဟာ အခက်အခဲများစွာ ကြုံတွေ့နေကြရပြီး ဘယ်အချိန်မှ ဆိုင်ကယ်စီးခွင့် ပြန်ပေးမယ်ဆိုတာ မသိကြရသေးပါဘူး။