ဆန်၊ ဆီ ဈေးတက်နေသည့် ထားဝယ်ဈေးကွက်

0
1583

ပြီးခဲ့သည့်အပတ်က တစ်ထောင်စ၊ နှစ်ထောင်စသာတက်သည့် ဆန်ဈေးသည် ဇူလိုင် ၂၁ ရက်နေ့မှ ၂၈ရက်အထိ တစ်ပတ်အတွင်း ဆန်တစ်အိတ်လျှင် ကျပ်နှစ်ထောင်မှ ကျပ်တစ်သောင်းကျော်အထိ အတက်ကြမ်းနေသည်။

အကယ်ဒမီဆန်ကြမ်းတစ်အိတ်၏ ဇူလိုင် ၂၁ရက်နေ့ ဈေးနှုန်းမှာ ၈၁၀၀ဝကျပ်ဖြစ်ပြီး ယနေ့ ဇူလိုင်လ ၂၈ရက်နေ့ ဈေးနှုန်းမှာ ၈၃၀၀ဝကျပ် ဖြစ်လာသည်။

ရွှေဘိုပေါ်ဆန်း (အောင်သီဟ) တစ်အိတ်လျှင် ၁၂၃၀၀ဝကျပ်မှ ၁၃၃၅၀၀ ကျပ်၊ ပေါ်ဆန်း (အကယ်ဒမီ အစိမ်းရောင်တံဆိပ်) တစ်အိတ်လျှင် ၁၀၂၀၀ဝကျပ်မှ ၁၀၅၀၀ဝကျပ်၊ ပေါ်ဆန်း (အကယ်ဒမီ အနီရောင်တံဆိပ်) ဆန်တစ်အိတ်လျှင် ၉၈၀၀၀ ကျပ်မှ ၁၀၁၀၀ဝကျပ်အဖြစ် အသီးသီး ဈေးတက်သွား သည်။

ယင်းအပြင် ဇူလိုင်လ ပထမအပတ်ကစပြီး ငြိမ်နေသည့် စားသုံးဆီမှာလည်း ဈေးအနည်းငယ်လှုပ်ခတ်လာသည်။

ဇူလိုင်လ ၇ ရက်ကစပြီး တစ်လီတာ ၈၇၅ဝကျပ်ဖြင့် နှစ်ပတ်ဆက်ဈေးငြိမ်နေသည့် ပြည်တွင်းထုတ် ပဲဆီ (အမေထွား တံဆိပ်) တစ်လီတာလျှင် ၈၉၅ဝကျပ် ဖြစ်သွားသည်။

နိုင်ငံခြားမှ တင်သွင်းပြီး ပုံစံပြောင်းထုတ်လုပ်ထားသည့် ပုဇွန်နှစ်ကောင်တံဆိပ် ဆီတစ်လီတာလျှင် ၄၅၀ဝကျပ်မှ ၄၇၀ဝကျပ်၊ ပဲလုံးတံဆိပ် ဆီတစ်လီတာလျှင် ၅၄၀ဝကျပ်မှ ၅၆၀ဝကျပ်သို့ အသီးသီးဈေးတက်သွားသည်။

သုံးပတ်ဆက်ဈေးကျပြီး ၁၀ ပိဿာပါ ပုံဝါတစ်ပုံးလျှင် ၇၁၀၀၀ ကျပ် ဈေးဖြစ်သွားသည့် စားအုန်းဆီဈေးမှာလည်း ယနေ့ ဇူလိုင် ၂၈ ရက်နေ့တွင် တစ်ပုံးကို ၇၅၀၀၀ ကျပ်သို့ ဈေးပြန်မြောက်လာခဲ့သည်။

စားဖိုဆောင်သုံးပစ္စည်းများဖြစ်သည့် ငရုတ်သီးခြောက်ဈေးမှာမူ ဈေးငြိမ်နေသည်ကိုတွေ့ရသည်။

ပြီးခဲ့သည့်အပတ်က တစ်ပိဿာ ၃၅၀ဝကျပ်အထိ ပေးရသည် အာလူးဈေးမှာ ဈေးကျလာသဖြင့် ယနေ့ ၃၁၀ဝကျပ် ဖြစ်နေသည်။