ကန့်ကွက်မဲများသဖြင့် ပီထာ ဝန်ကြီးချုပ်အဖြစ် ထပ်မံရွေးချယ်ခံခွင့်မရှိတော့

0
2244

ဒုတိယအကြိမ် ဝန်ကြီးချုပ်လောင်းအဖြစ် ပီထာကို အမည်စာရင်းတင်သွင်းရာတွင် ကန့်ကွက်သူ လွှတ်တော်အမတ် ၃၉၅ ဦးရှိသဖြင့် ပီထာကို ဝန်ကြီးချုပ်လောင်းအဖြစ် ထပ်မံတင်သွင်းရွေးချယ်ခံခွင့် မရှိတော့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ပီထာကို နောက်တစ်ကြိမ် ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းခွင့်မရှိကြောင်း မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၃၉၅ မဲ၊ ကန့်ကွက်မဲ ၃၁၂ မဲနှင့် ကြားနေမဲ ၈ မဲ ရှိခဲ့သည်။

ထို့ကြောင့် ဝန်ကြီးချုပ်ဖြစ်ရန် ကြိုးစားနေသော Move Forward ပါတီခေါင်းဆောင် ပီထာသည် အမည်စာရင်း ထပ်မံတင်သွင်းခွင့် မရှိတော့ပေ။

ယနေ့လွှတ်တော်တွင် ကျင်းပသော ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် ထပ်မံအမည်တင်သွင်းခဲ့သော ပီထာကို လွှတ်တော်၏ စည်းမျဉ်းစည်းကမ်းများအရ ထပ်မံ တင်သွင်းခွင့်မရှိကြောင်း အထက်လွှတ်တော်အမတ်များနှင့် အတိုက်အခံပါတီများက အကြိတ်အနယ် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

လက်ရှိတွင် ညွန့်ပေါင်း ၈ ပါတီ၏ Pheu Thai ပါတီကလည်း ဝန်ကြီးချုပ်လောင်း၏ အမည်ကို တရားဝင် မကြေညာသေးသလို ကျန်အတိုက်အခံပါတီများကလည်း အမည်စာရင်း တင်သွင်းထားခဲ့ခြင်းမရှိသေးပေ။

ယနေ့တွင် ဝန်ကြီးချုပ်လောင်းအဖြစ် လွှတ်တော်တွင် အမည်စာရင်းတင်သွင်းထားသူ ပီထာ တစ်ဦးတည်းရှိနေသဖြင့် ဝန်ကြီးချုပ်အသစ် ခန့်အပ်ရန် မဲပေးရွေးချယ်မှု ရှိတော့မည်မဟုတ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: Khaosod English, Thai Enquirer