ကယန်းသူ ဗရော်နီကာ နိုင်ပွဲဆက်ယူပြီး ရည်မှန်းရာ One Championship ဆီ ခြေတစ်လှမ်းဆက်တိုးမယ့် စိန်ခေါ်ပွဲ

0
2604

မနက်ဖြန် ဇွန်လ ၁၈ ရက် တနင်္ဂနွေနေ့မှာတော့ ကယန်းသူ မွေထိုင်းလက်ဝှေ့မယ် ဗရော်နီကာ က စိန်ခေါ်ပွဲစဉ် ယှဉ်ပြိုင်ထိုးသတ်ဖို့ ရှိနေပါတယ်။

ဒီစိန်ခေါ်ပွဲမှာ ဗရော်နီကာ ရင်ဆိုင်ရမယ့် ပြိုင်ဘက်က ဗီယက်နမ် မွေထိုင်းလက်ဝှေ့မယ် ထရိုင်အူသီ ဖြစ်ပါတယ်။

ထိုးသတ်ခဲ့ပြီးသမျှ မွေထိုင်းလက်ဝှေ့ပွဲတွေမှာ ရလဒ်ကောင်းတွေ ရယူပြီး ပုံစံကောင်းရရှိနေတဲ့ ဗရော်နီကာ ဟာ နောက်ထပ်နိုင်ပွဲတစ်ပွဲ ရယူပြီး သူမရဲ့ရည်မှန်းချက်ဖြစ်တဲ့ One Championship ဝင်ရောက်ထိုးသတ်ခွင့်ရဖို့ ခြေတစ်လှမ်း ဆက်တိုးနိုင်လေမလားဆိုတာ စောင့်ကြည့်ရမယ့်ပွဲစဉ်ပါပဲ။