လာမည့်ဘောလုံးရာသီသစ်အတွက် ပရီးမီးယားလိဂ် ပွဲစဉ်ဇယား ထွက်ပေါ်၊ ရာသီဖွင့်ပွဲစဉ်၌ပင် ချယ်လ်ဆီးနှင့် လီဗာပူး ဆုံတွေ့

0
2591
Photo - GiveMeSport

ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီသည် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီသစ်အတွက် ပွဲစဉ်ဇယား ထုတ်ပြန်ပေးလိုက်ပြီဖြစ်ပြီး ပရီးမီးယားလိဂ်ဘောလုံးရာသီသစ်မှာ လာမည့် ဩဂုတ်လ ၁၁ ရက်နေ့တွင် စတင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၃-၂၄ ဘောလုံးရာသီ၏ရာသီဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမည့် ပွဲစဉ်(၁)၏ပထမဆုံးပွဲစဉ်တွင် ဘန်လေနှင့် မန်စီးတီးတို့ ထိပ်တိုက်တွေ့နေပြီး ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းကြီးအချင်းချင်း တွေ့ဆုံမှုအဖြစ် ချယ်လ်ဆီးနှင့် လီဗာပူးတို့ ထိပ်တိုက်တွေ့နေသည့်ပွဲစဉ်လည်း ပါဝင်လျက်ရှိသည်။

အာဆင်နယ်သည် ပရီးမီးယားလိဂ် ရာသီဖွင့်ပွဲစဉ်ကို အိမ်ကွင်း အမ်းမရိတ်စ်၌ နော်တင်ဟမ်နှင့် ကစားရမည်ဖြစ်ပြီး မန်ယူမှာလည်း ရာသီဖွင့်ပွဲစဉ်ကို အိမ်ကွင်း၌ပင် ဝုလ်ဗာဟမ်တန်နှင့် ကစားခွင့်ရရှိလိမ့်မည်ဖြစ်သည်။

၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့တွင် စတင်မည့် ပရီးမီးယားလိဂ်ဘောလုံးရာသီသစ်သည် ၂၀၂၄ ခုနှစ် မေလ ၁၉ ရက်နေ့တွင် ရာသီသိမ်းမည်ဖြစ်ပြီး ရာသီသိမ်းပွဲစဉ်တွင် အာဆင်နယ်နှင့် အဲဗာတန်၊ ဘရိုက်တန်နှင့် မန်ယူ၊ ချယ်လ်ဆီးနှင့် ဘုန်းမောက်၊ လီဗာပူးနှင့် ဝုလ်ဗာဟမ်တန်၊ မန်စီးတီးနှင့် ဝက်စ်ဟမ်း၊ ရှက်ဖီးယူနိုက်တက်နှင့် စပါးတို့ ထိပ်တိုက်တွေ့မည်ဖြစ်ကြောင်း သိရှိရသည်။

ပရီးမီးယားလိဂ် ရာသီဖွင့်ပွဲစဉ်များ (၁၁/၁၂/၁၃/၁၄-၈-၂၀၂၃)
ဘန်လေ – မန်စီးတီး
အာဆင်နယ် – နော်တင်ဟမ်
ဘုန်းမောက် – ဝက်စ်ဟမ်း
ဘရိုက်တန် – လူတန်တောင်း
အဲဗာတန် – ဖူလ်ဟမ်
ရှက်ဖီးယူနိုက်တက် – ခရစ္စတယ်လ်ပဲလေ့စ်
နယူးကာဆယ် – အက်စတွန်ဗီလာ
ဘရန့်ဖို့ဒ် – စပါး
ချယ်လ်ဆီး – လီဗာပူး
မန်ယူ – ဝုလ်ဗာဟမ်တန်
Photo – GiveMeSport