မရိုးရှင်းလှတဲ့ သမ္မတ ကနေဒီ လုပ်ကြံခံရမှု (သို့မဟုတ်) JFK

0
1572

JFK။ ဒီဇာတ်ကားနာမည်က အဲ့ဒီလို ရိုးရိုးရှင်းရှင်းပါပဲ။ ဒီစာလုံးတွေကို မြင်တွေ့လိုက်တာနဲ့ ဂျွန်အက်ဖ်ကနေဒီ ကို ရည်ညွှန်းထားမှန်း အားလုံးသူ သိနားလည်ပြီးသားဖြစ်မှာပါ။

၃၅ ဆက်မြောက် အမေရိကန်သမ္မတ။ လုပ်ကြံခံခဲ့ရသူပေါ့လေ။ ဒီဇာတ်ကားဟာ အချိန်အားဖြင့် ၃ နာရီခွဲနီးပါး ကြာမြင့်ပါတယ်။

အခုအချိန်ထိ သမ္မတ ဂျွန်အက်ဖ်ကနေဒီကို လုပ်ကြံသူဟာ လီဟာဗေး အော့စ်ဝဲလ်လို့ပဲ သတ်မှတ်ထားတာပါ။

ဒါပေမဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းကတော့ သမ္မတ ကနေဒီ လုပ်ကြံခံရမှုဟာ အဲ့ဒီလောက် မရိုးရှင်းဘူးလို့ ဖော်ထုတ်ပြသသွားခဲ့ပါတယ်။

ပြောရမယ်ဆိုရင် ဖမ်းဆီးအရေးယူခံလိုက်ရတဲ့ အော့စ်ဝဲလ်က တရားခံအစစ် ဟုတ်ပါရဲ့လားလို့တောင် သံသယဖြစ်စရာကောင်းလွန်းခဲ့ပါတယ်။

ရုံးထုတ်လာချိန်မှာ အော့စ်ဝဲလ် ကို မကျေနပ်သူတစ်ယောက်က ပစ်သတ်လိုက်ပြီးတဲ့နောက် အမှုဟာ လုံးဝကို လမ်းစပျောက်သွားခဲ့ပါတော့တယ်။

ဒီအမှုကို အစအဆုံး ပြန်မြေလှန်ခဲ့သူက အစိုးရရှေ့နေတစ်ယောက်ဖြစ်တဲ့ ဂျင်မ် ဂါရစ်ဆန် ပါပဲ။

ဒါပေမဲ့ အမှုကို လိုက်ရင်း လမ်းစတွေ လုံးဝပျောက်သွားခဲ့တဲ့အတွက် ဒီအမှုကို ဂါရစ်ဆန် ဖော်ထုတ်လို့ မရအောင် ဩဇာကြီး အဝန်းအဝိုင်းတွေက နောက်ကွယ်ကနေ လုပ်လိုက်လေသလားလို့တောင် ထင်မှတ်ရပါတယ်။

ဒါကြောင့်လည်း အခုတစ်ပတ်မှာ JFK ရုပ်ရှင်ကားကို Dawei Watch ပရိသတ်တွေအတွက် ညွှန်းဆိုတင်ဆက်ပေးလိုက်တာပါ။