“ရွာတွေဆို တောပျက်ကြီးလို ဖြစ်သွားတယ်”မုန်တိုင်းကြောင့် ပျက်စီးခဲ့ရတဲ့ ရသေ့တောင်

0
1704

နာဂစ်မုန်တိုင်းအလွန် အကြီးဆုံးဆိုင်ကလုန်းမုန်တိုင်းဖြစ်တဲ့ မိုခါမုန်တိုင်းက မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ကို ဖြတ်သန်းဝင်ရောက်သွားခဲ့ပါတယ်။ မေလ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်းတိုင်းဒဏ်ခံခဲ့ရသူ ငါးသန်းခွဲနီးပါးလောက်ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာမှုဆိုင်ရာ ညှိုနှိုင်းရေးရုံးက ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် ဒေသအတော်များများ ပျက်စီးခဲ့ပြီး လူသေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။ မုန်တိုင်းမတိုင်မီ၊ တိုက်နေတဲ့အချိန်နဲ့ မုန်တိုင်အလွန်ကာလတွေမှာ ရခိုင်ပြည်သူတွေ ဘယ်လိုရင်ဆိုင်ခဲ့ရလဲဆိုတာကို ရသေ့တောင်မြို့က ဒေသခံတစ်ဦးကို Dawei Watch က ဆက်သွယ်မေးမြန်း ဖော်ပြလိုက်ပါတယ်။