တနင်္သာရီတိုင်းတွင် ၁၈ ရက်အတွင်း ကိုဗစ်ပိုးတွေ့သူ ၂၈ ဦးအထိရှိ

0
2285

တနင်္သာရီတိုင်းတွင် ရက်ပေါင်း ၁၈ ရက်အတွင်း ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိသူ ၂၈ ဦးအထိ ရှိနေပြီဖြစ်ကြောင်း တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

တနင်္သာရီတိုင်းသို့ အသစ်ပြောင်းလာသည့် စစ်ကောင်စီလူမူရေးဝန်ကြီးနှင့် ၎င်း၏ကိုယ်ရေးအရာရှိ၊ ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ်တို့တွင် ဧပြီလ ၁၉၊ ၂၀ ရက်တို့တွင် ကိုဗစ်ပိုးစတင်စစ်ဆေးတွေ့ရှိခဲ့သည်။

ယင်းနောက် တိုင်းအတွင်း ကိုဗစ်ကူးစက်ခံရသူများ ဆက်တိုက်ရှိလာခဲ့ပြီး မေလ ၅ ရက်နေ့အထိ စာရင်းအရ စုစုပေါင်း ၂၈ ဦးအထိရှိလာပြီဖြစ်သည်။

ယင်းကိုဗစ်လူနာ ၂၈ ဦးအနက် ၁၇ ဦးမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်‌ကြောင်း တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ကိုဗစ်ရောဂါ ဆက်တိုက်စစ်‌ဆေးတွေ့ရှိနေသည့် မြို့နယ်တို့မှာ ထားဝယ်၊ ‌ရေဖြူ၊ သရက်ချောင်း၊ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်းမြို့တို့ဖြစ်သည်။

ကော့သောင်းမြို့တွင်တွေ့ရသည့် ကိုဗစ်ကူးစက်ခံရသူ ၉ ဦးမှာ ထိုင်းနိုင်ငံအချုပ်ထောင်မှ ပြန်လွတ်လာသူများဖြစ်ပြီး ‌ဆေးရုံမှဆင်းသွားပြီဖြစ်သည်။

ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိမှု အခြေအနေ (မေ ၆၊ ၂၀၂၃)

မြို့နယ်ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိသူပြန်လည်‌ကောင်းမွန်သူ
ထားဝယ်၁၀ ဦး၅ ဦး
မြိတ်၃ ဦး၃ ဦး
ရေဖြူ၂ ဦး –
ဘုတ်ပြင်း၈ ဦး –
ကော့သောင်း၉ ဦး၉ ဦး