ကမြောကြီးရွာသားတစ်ဦး သေနတ်ဖြင့်ပစ်ခံရ

0
2247

လောင်းလုံးမြို့နယ်၊ ကမြောကြီးရွာတွင် ယနေ့(ဧပြီ ၁၃) မနက် ၉ နာရီဝန်းကျင်ခန့်က အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံအချို့ထံမှသိရသည်။

ယနေ့မနက်ပိုင်းက ကမြောကြီးရွာလယ်ရှိ ကုန်စုံဆိုင်တွင် ဈေးဝယ်နေစဉ် သေနတ်သမားက ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာပြီး ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

” အသံတော့ကြားလိုက်တယ်။ ဆိုင်ကယ်ဘီးပေါက်တယ်လို့ပဲထင်နေတာ “ဟု ၎င်းကပြောသည်။

ပစ်ခတ်ခံရသူမှာ အသက် လေးဆယ်ကျော်ဝန်းကျင်အရွယ်ရှိ ကိုအောင်ကိုဦးဆိုသူဖြစ်ပြီး ပစ်ခတ်ခံရမှုကြောင့် ၎င်း၏လက်ကို သေနတ်ကျည်ဆန်ထိမှန်ကာ ဒဏ်ရာအနည်းငယ်ရရှိသွားကြောင်း သိရှိရသည်။

ယနေ့နေ့လယ်ပိုင်းတွင် ယင်းအမျိုးသားကို အရေးပေါ်ကားဖြင့် ဆေးကုသရန် လာရောက်တင်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

ကို‌အောင်ကိုဦးဆိုသူအားမည်သူတို့က မည်သည့်အကြောင်းယင်းကြောင့် လာရောက်ပစ်ခတ်သွားသည် ဆိုခြင်းကို မသိရသေးပေ။

လောင်းလုံးတွင် ဧပြီလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ သုံးရက်အတွင်း ပစ်ခတ်ခံရမှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့သည်။

ယင်းဖြစ်စဉ်များအနက် ဧပြီလ ၁၁ ရက်နေ့ ညနေပိုင်းက ပစ်ခတ်ခံရသည့် စစ်ပြဲရွာသား ဦးလားဂျစ် (ခေါ်)ဦးမျိုး‌မောင် အသတ်ခံရမှုကိုမူ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ဟု ထုတ်ပြန်ခဲ့သည်။

ပဉ္စသီမော်ရွာသူ ဒေါ်ရီဝင်းဆိုသည့်အမျိုးသမီးနှင့် ကမြောကြီးရွာသား ကိုအောင်ကိုဦးတို့ကိုမူ မည်သူတို့က မည်သည့်အကြောင်းယင်းကြောင့် ပစ်ခတ်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကို မတွေ့ရှိရသေးပေ။