တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် (ဧပြီလ ၃ ရက်)

0
2064

Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက်

ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • စစ်ကောင်စီတပ်က လောင်းလုံးမြို့ပေါ်မှာ ပိုက်စိပ်တိုက်ရှာဖွေပြီး ဖမ်းဆီးနေတဲ့အကြောင်း
  • မြိတ်-ဘုတ်ပြင်း ပြည်ထောင်စုလမ်းကို ပိတ်ထားလိုက်ပြီလို့ အရေးပေါ်ထုတ်ပြန်တဲ့အကြောင်း
  • ထိုင်း-မြန်မာနယ်စပ်သွားတဲ့ မောတောင်လမ်းမှာ နှစ်ရက်တာအတွင်း တိုက်ပွဲလေးကြိမ်အထိ ဖြစ်ခဲ့တဲ့အကြောင်း
  • တနင်္သာရီမြို့နယ်က စစ်ကောင်စီတပ်ရဲ့ ရေဖြူဗျူဟာကုန်းကို ဝင်တိုက်တဲ့ အခြေအနေ
  • ကော့သောင်းလမ်းမှာ ခရီးသည်တင်ကားတစ်စီး သေ နတ်ပစ်ခံရပြီး ကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေ ဆုံးခဲ့တဲ့အကြောင်း
  • ထားဝယ်မြို့ အနောက်မြောက်ဘက်မှာရှိတဲ့ ကိုကိုးကျွန်းမှာ တရုတ်ထောက်လှမ်းရေးစခန်းလို့ သံသယဖြစ်ဖွယ် ဂြိုလ်တုဓာတ်ပုံတွေထွက်လာတဲ့အကြောင်း
  • ရေဖြူမြို့နယ်မှာ ပြည်သူ့စစ်တစ်ဦး သေ နတ်ပစ်ခံရတဲ့အကြောင်း
  • လောင်းလုံးမြို့နယ် နခံတောရွာ ရွာလယ်ကျောင်းကြီး ဆရာတော်ရဲ့ ဈာပနအခမ်းအနားကျင်းပမယ့်အကြောင်း
  • မြိတ်မြို့မှာ သေ ဆုံးနေတဲ့ အမျိုးသားရုပ်အလောင်းနှစ်လောင်း နှစ်ရက်ဆက်တိုက်တွေ့ရတဲ့အကြောင်းတွေ အပါအဝင်
  • တက်ရိပ်ပြနေတဲ့ ရွှေဈေးကွက်အကြောင်း စတဲ့ သတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။