ဂျာမနီအတွက် နိုင်ပွဲတစ်ပွဲ ရောက်လာပါတော့မယ်

0
3370

ကမ္ဘာ့ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဒီနေ့မှာတော့ အုပ်စု(E) နဲ့ အုပ်စု (F) တို့က အုပ်စုနောက်ဆုံးပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားစေတော့မှာပါ။

အုပ်စု(F) က ပွဲစဉ်နှစ်ပွဲကို မြန်မာစံတော်ချိန် ည ၉ နာရီခွဲမှာ ယှဉ်ပြိုင်စေဖို့ ရှိနေပြီး အုပ်စု(E)က ပွဲစဉ်တွေကတော့ နောက်တစ်နေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာ ကစားရမှာဖြစ်ပါတယ်။

အုပ်စု(F)မှာ ခရိုအေးရှားနဲ့ ဘယ်လ်ဂျီယံတို့ရဲ့ပွဲစဉ်က အုပ်စုကို အဆုံးအဖြတ်ပေးတာမျိုး ဖြစ်သွားနိုင်ပါတယ်။ အခြေအနေတွေအရတော့ ဒီနှစ်သင်းထဲက တစ်သင်းဟာ အုပ်စုအဆင့်နဲ့တင် ကျေနပ်လိုက်ရဖို့ ကျိန်းသေသလောက်ရှိနေပါတယ်။

အုပ်စု(E)ကတော့ စပိန်ရဲ့ဖန်တီးမှုလမ်းကြောင်းအတိုင်း အဖြေထွက်လာမှာပါ။ ဂျာမနီကတော့ ကော်စရီကာကို အနိုင်ကစားပြီး နောက်တစ်ဆင့်ဆီ တက်ရောက်နိုင်ရေးအတွက် လုံးပန်းရပါလိမ့်မယ်။

Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။
https://youtu.be/rTwvnUxS9r8